ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာမြို့နယ်လုံးဆိုင်ရာ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးကကြီးမှူး၍ သာသနာရေး ဦးစီး ဌာနက ကျင်းပသော အဘိဓမ္မာ၊ ဋီကာကျော်နှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲမှာ တိုင်းအဆင့်၊ မြို့နယ်အဆင့် ထူးချွန်ဆုရသူများ၊ ဖြေဆိုအောင်မြင်သူများအား ချီးမြင့်သည့် (၁၇)ကြိမ်မြောက် အဘိဓမ္မာအောင် ဆုနှင်းသဘင်နှင့် အဘိဓမ္မာအခါတော် နေ့ ရွတ်ဆိုပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၆) ရက် နေ့လည် (၂)နာရီ အချိန်တွင် ဟင်္သာတမြို့မြစ်ကွေ့ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦးနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီ၊ ဟင်္သာတိခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးညွှန့်လှိုင်၊ လူမှုရေးအသင်းအဖွဲ့ဝင်များ မြို့မိမြို့ဖများ တတ်ရောက်ကြသည်။