

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရုံးတွင် ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၈ – ၉ -၂၀၂၃ ရက်နေ့ နေ့လည်၁ နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှ ပါတီ၏ မူဝါဒများ ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များ၊ရက်၉၀ စီမံချက်များ၏အရေးပါပုံများနှင့်လုပ်ငန်းအောင်မြင်အောင်မည်သိုဆောင်ရွက်ရမည်များကို လမ်းညွှန်ခဲ့ပြီး ပါတီဥက္ကဌကြီး၏မိန့်ခွန်းပြောကြားချက်များဗွီဒီဖိုင်အားချပြရှင်းလင်းပြီးလူငယ်/အမျိုးသမီးအင်အားစုဆောင်းခြင်းနှင့်ပြည့်မဏ္ဍိုင်၏လုပ်ငန်းစဉ်များအားအသေးစိတ်ချပြရှင်းလင်းခဲ့ပါသည်။
ကော့သောင်းခရိုင်ပါတီဥက္ကဌ ဦးကျော်သူ၊ကော့သောင်းမြိုနယ် ပါတီဥက္ကဌဦးအောင်ကြူနိုင်တိုမှ ပါတီ၏လမ်းညွှန်ချက်များအားလုပ်ဆောင်ပြီးစီးမှုနှင့် ဆောင်ရွက်နေဆဲကိစ္စများအား တင်ပြခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသည် မွန်းလွဲ၁၅း၀၀အချိန်တွင် ပြီးစီးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသိုပါတီဗဟိုကော်မတီဝင်ဦးဝင်းဌေး၊တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးဝင်းနိုင်၊ကော့သောင်းခရိုင်/မြိုနယ်ပါတီဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲဝင်များ၊ရပ်ကျေးပါတီဥက္ကဌနှင့်အဖွဲ့ဝင်များစုစုပေါင်း ၆၅ ဦးတက်ရောက်ခဲ့ကြပါသည်။














