မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှစီစဉ်မှုဖြင့် စာရေးဆရာကြီးများကြသည့် တက္ကသိုလ်မြတ်သူ နှင့် မောင်စေတနာတို့၏ စာပေဟောပြောပွဲကို တိုင်းဒေသကြီး ပါတီရုံးခန်းမ၌ နိုဝင်ဘာ (၁၀) ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှစီစဉ်မှုဖြင့် စာရေးဆရာကြီးများကြသည့် တက္ကသိုလ်မြတ်သူ နှင့် မောင်စေတနာတို့၏ စာပေဟောပြောပွဲကို တိုင်းဒေသကြီး ပါတီရုံးခန်းမ၌ နိုဝင်ဘာ (၁၀) ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် သည် ယခုလ ၈ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မုံရွာခရိုင်၊ မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက် ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယကအဖွဲ့ဝင် ဦးကျားမောင်သည် ပါတီ ဗဟိုကော်မတီဝင်၊ ကျွန်းစုမြို့နယ် ပါတီဥက္ကဌ ဦးတင်စိုးနှင့် မြိတ်ခရိုင်ပါတီကော်တီဝင် ဦးအောင်သူစိုး တို့ လိုက်ပါလျက် ပင်လယ်ပိုင်းကျေးရွာများဖြစ်သော မဲတော၊ အုတ်ဖိုမော်နှင့် စခန်းသစ်ကျေးရွာများသို့ နိုဝင်ဘာ (၈) ရက်နှင့် (၉) ရက်နေ့များက သွားရောက်၍ ဒေသခံပါတီဝင်များ၊ ပါတီကိုလိုလားထောက်ခံသူများ၊ ကျေးရွာ ရပ်မိရပ်ဖ ရွာလူကြီးများနှင့် တွေ့ဆုံခဲ့သည်။
အမေရိကန်နိုင်ငံ၏ (၄၅)ကြိမ်မြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော H .E Mr, Donald Trump အတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး ဦးသန်းဌေး မှ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါသည်။
၁။ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော စီးပွားရေးအခက်အခဲများအား လေ့လာသုံးသပ်နိုင်ရန် အတွက် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။ စီးပွားရေးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်အစား နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ (more…)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖြွံ့ဖိုးရေးပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့နှင့် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအဆင့်ဆင့်ရှိ ကော်မတီဝင်များ၊ ပါတီဝင်များတွေ့ဆုံပွဲကို နိုဝင်ဘာ (၉) ရက် နံနက် (၁၀) နာရီအချိန်က ပြုလုပ်ရာ ဗဟို အတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်တင်မြင့် (တောင်သူလယ် သမားရေးရာတာဝန်ခံ)၊ ဒေါ်နန်းနီနီအေး (လွှတ်တော်ရေးရာ)၊ ဦးစောမြင့်ဦး (ပြည်နယ် ပါတီဥက္ကဋ္ဌ) တို့ တက်ရောက်ခဲ့ကြသည်။
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်အစည်းအဝေးအား နိုဝင်ဘာ (၉) ရက် နံနက် ၉ နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ၃၆ အုပ်စုမှ စည်းရုံးရေးမှူး နှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ (၈) ရက် မွန်းလွဲ (၁၂း၃၀) နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားကာ တက်ရောက် လာသူများမှ တင်ပြဆွေးနွေးကြပြီး မြို့နယ်ပါတီဥက္ကဌမှ ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် နိုဝင်ဘာ (၈) ရက် နံနက် ၁၁ နာရီက ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦး နှင့် အလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် အောင်ချမ်းသာပရိယတ္တိ စာသင်တိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးပဥာန္ဒအား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (လပါတ်) ပုံမှန်အစည်းအဝေးကို နိုဝင်ညာ (၉) ရက် နံနက် (၉) နာရီအချိန်က ပေါင်းတည်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး ဦးမျိုးမင်းဇော် နှင့် ပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။