ဂျပန်နိုင်ငံအစိုးရ၏ ၂ဝ၁၅ခုနှစ် အသေးစားစီမံကိန်းများ ထောက်ပံ့ရေး (GGP) အစီအစဉ်အရ ဂျပန်အစိုးရနှင့် ပြည်သူတို့၏ထောက်ပံ့ငွေဖြင့် ဆောက်လုပ်လှူဒါန်းသော ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် လိပ်ချောင်း ကျေးရွာအုပ်စု ရွာဦးအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ (၉) ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အဆိုပါကျောင်း၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်း၊ ဧရာဝတီတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ အတွင်းဝန် Mr.Kasia Yoshi Manasa နှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအမ်ဘရိုစ့်၊ ဟင်္သာတ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

(more…)
သတင်းအပြည့်အစုံကိုကြည့်ရှုရန်