ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ခရိုင် ကော်မတီဝင်များသည် နိုဝင်ဘာ (၂၆) ရက် နံနက် ၉နာရီတွင် သာပေါင်းမြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ မွန်းလွဲ ၂နာရီတွင် ကန်ကြီးဒေါင့်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအဖွဲ့ ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။