စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလှူဒါန်းပွဲ ပါဝင်ဆင်နွှဲ

ယနေ့(ဒီဇင်ဘာ ၁ ရက်) တွင် ကျင်းပပြုလုပ်သော စဥ့်ကိုင်မြို့ ဥယျဉ်ကြီးအုပ်စု ရွှေဆက်သွား ဘုရား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလှူဒါန်းပွဲ အခ်းအနားတွင် စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် ကျေးရွာ (၇)ရွာ ပြည်သူများ ပူးပေါင်းကာ ပင့်သံဃာ (၃၁)ပါးအတွက် ဝတ္ထုငွေ၊ ဆန်၊ ဆီ၊ ဆား၊ နို့ဆီ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာခဲ၊ ပဲလှော်၊ နှင့် ဆေးဝါးများ ပါဝင်လောင်းလှူခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၁.၁၂.၂၀၁၆) နံနက်(၀၉း၀၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းနှင့်စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ နိုဝင်ဘာ (၂၉) ရက် နံနက် (၉) နာရီအချိန်က ပါတီလုပ်ငန်း နှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရာ တိုင်း ဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး ခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း ခရိုင် အတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင် ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ငြိမ်း ၊ မြို့နယ်ဥက္ကဌ ဦးစိုးအေး၊ မြို့နယ်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ပါတီခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ လူငယ်များ၊ အမာခံကေဒါများ တက်ရောက်ခဲ့ကြပြီး ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊ ပါတီစည်းရုံးရေး၊ မီဒီယာကဏ္ဍ နှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နတ်တလင်းမြို့နယ်၊ရေကြည်အုပ်စု၊ရေကြည်ကျေးရွာမီးဘေးသင့်ပြည်သူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ထောက်ပံ့လှူဒါန်း

 

ယနေ့ (1.12.2016)ရက်နေ့ ကြာသာပတေးနေ့ နံနက်ပိုင်းတွင် နတ်တလင်းမြို့ပြည်ခိုင်ဖြိုးပါတီမှ ရေကြည်အုပ်စုရေကြည်ကျေးရွာရှိမီးဘေးသင့်ပြည်သူများအားသွားရောက်လှူဒါန်း


ဇီးကုန်းမြို့နယ်ပြည်ခိုင်ဖြိုးမှ အမျိုးသမီးရေးရာဥပဒေကဏ္ဍ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကဏ္ဍမှ ကြီးမှူးကျင်းပသော အမျိုးသမီးရေးရာ ဥပဒေကဏ္ဍ ပညာပေးဟောပြောပွဲကို ယနေ့ (ဒီဇင်ဘာ ၁ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပရာ တိုင်းပါတီမှ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနု နှင့် ဥပဒေပညာရှင်များက တက်ရောက်ဟောပြောခဲ့ပါသည်။

နိုင်ငံရေးပါတီတွေကလည်း ကာ/လုံခေါ်ခွင့်နဲ့ပတ်သက်ပြီး တောင်းဆိုပိုင်ခွင့် ရှိတယ်

၁၃ ပါတီ ပူးတွဲကြေညာချက်သည် လုပ်ကွက်ပျောက်နေသဖြင့် နိုင်ငံရေး ကစားခြင်းဖြစ်နိုင် သည်ဟု နိုဝင်ဘာ ၃ဝ ရက်ထုတ် သတင်းမီဒီယာတစ်ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ပြောဆို ချက်များနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် ပြန်လည်ဖြေကြားချက်များကို ဖော်ပြပေး လိုက်ပါသည်။

နိုင်ငံရေးပါတီတွေကလည်း ကာ/လုံခေါ်ခွင့်နဲ့ပတ်သက်ပြီး တောင်းဆိုပိုင် ခွင့်ရှိတယ်

၁၃ ပါတီ ပူးတွဲကြေညာချက်သည် လုပ်ကွက်ပျောက်နေသဖြင့် နိုင်ငံရေး ကစားခြင်းဖြစ်နိုင်သည်ဟု နိုဝင်ဘာ ၃ဝ ရက်ထုတ် သတင်းမီဒီယာတစ်ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ပြောဆို ချက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြန်လည်ဖြေကြားချက်များကို ဖော်ပြပေးလိုက်ပါသည်။

ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီ၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီလုပ်ငန်းနှင့် စည်းရုံး ရေးစွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၂၉) ရက် နံနက် (၁ဝ) နာရီတွင် ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းခဲ့ပါသည်။

မိုးမိတ်ပြည်ခိုင်ဖြိုး မြို့နယ်နှင့် ရပ်/ကျေးအုပ်စုများ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်စုများ လုပ်ငန်း ညှိနိုင်း အစည်းအဝေးကို နိုဝင်ဘာ (၃၀) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမောင်ငယ် နှင့် မြို့နယ်ပါတီကော်မတီများ၊ အရံ ကော် မတီဝင်များ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ပြီးစီးခဲ့ သည့် လုပ်ငန်စဉ်းများ ဆွေးနွေးခြင်း၊ ရှေ့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စစ်တွေခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ကျေးရွာများသို့ ကွင်းဆင်း

စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဆောင်ပြီး စစ်တွေခရိုင်/မြို့နယ်ပါတီနှင့် ရပ်/ကျေး စည်းမှူးများလိုက်ပါလျက် နိုဝင်ဘာ (၂၉) ရက် နံနက် (၁၁) နာရီအချိန်က ကျက်တောပြင်ကျေးရွာ၊ င/တောက် တက်ကျေးရွာနှင့် တောကန်ကျေးရွာများသို့ Door to Door ကွင်းဆင်းပြီး မိမိတို့ပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ထိုကျေးရွာများရှိ ပြည်သူ့သဘော ထားနှင့် ပြည်သူ့အသံနားထောင်ခြင်း၊ ကျေးရွာများရှိ စာကြည့်တိုက်များတွင် ပါတီပိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ရှေ့ဆောင်ဂျာနယ်တို့အား ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။