မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး တိုင်း/ခရိုင်/မြို့နယ် လူငယ်ရေးရာ/အမျိုးသမီးရေးရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

(၆.၁၂.၂၀၁၆)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များရှိ လူငယ်ရေးရာ/အမျိုးသမီးရေးရာတာဝန်ခံများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ လူငယ်တာဝန်ခံများ၊ အမျိုးသမီးတာဝန်ခံများတက်ရောက်ခဲ့ကြပြီး တိုင်းပါတီဥက္ကဌ ဦးဝင်းမောင်မှအဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော တိုင်း/ခရိုင်/မြို့နယ် တာဝန်ခံများမှ မိမိတို့ကဏ္ဍအလိုက်တင်ပြဆွေးနွေးခဲ့ကြပါသည်။


ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကော့မှူးမြို့နယ် အမာခံကေဒါများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာနန္ဒာလှမြင့်၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့်၊ ဦးလှထွန်းဦးနှင့် တောင်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးလွင်ဦး တို့သည် ဒီဇင်ဘာ (၅) ရက်နေ့က ကော့မှူးမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ရှိပါတီအမာခံ ကေဒါများနှင့် တွေ့ဆုံခဲ့ပြီး လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးရာကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာမှ အိမ်တွင်းမှု (စက်ချုပ်) သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းမှု(စက်ချုပ်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၅) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီနာယကဦးမျိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဌဦးဝင်းသိန်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ရှမ်းမြောက်ပြည်ခိုင်ဖြိုး ရှေ့တန်းရောက် တပ်မတော်သားများအတွက် လှူဒါန်းမှုပြု

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရှေ့တန်းရောက် တပ်မတော်သားများ အတွက် ကျပ်သုံးသိန်းတန်ဖိုးရှိ အနွေထည်များကို ဒီဇင်ဘာ (၅) ရက် နေ့လည် (၂) နာရီအချိန်က သွားရောက် လှူဒါန်းခဲ့သည်။

ထို့အပြင် ဆေးရုံးတက်ရောက်ဆေးကုသမှုခံယူနေရသော ဒဏ်ရာရစစ်သည် များအတွက်လည်း အနွေးထည်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စံစံ

စစ်တွေခရိုင်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ မျက်နှာစုံညီ စည်းဝေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စစ်တွေခရိုင်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ၏ မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာ (၅) ရက် မွန်းတည့် (၁၂) နာရီအချိန်က စစ်တွေခရိုင် ပြည်ခိုင်ဖြိုးပါတီ၌ ကျင်းပ ပြုလုပ်ရာ ခရိုင်ဥက္ကဌဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီ၏ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များကို ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း/ခရိုင်/မြို့နယ် စုံညီအစည်းအဝေးကျင်းပပြုလုပ်

ယနေ့ 6.12.2016ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီ၊ခရိုင်ပါတီ၊မြို့နယ်ပါတီများ စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌဦးအောင်ချိုဦးနှင့်ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းပါတီကော်မတီဝင်များ၊ပြည်ခရိုင်၊သာယာဝတီခရိုင်တို့မှ ခရိုင်ပါတီဥက္ကနှင့်ကော်မတီဝင်များ၊မြို့နယ်(၁၄)မြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဌများတက်ရောက်ကြပါသည်။


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆပ်ပျာကျင်းကျေးရွာ ကြောင်နံ့သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မိသားစုများက (၁၃)ကြိမ်မြောက် စုပေါင်းဘုံ ကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ဒီဇင်ဘာ (၄) ရက် နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိထံမှ သီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တသြဘာက ဆုံးမသြဝါဒမြွက်ကြားသည်။ ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် ပါတီဝင်များက ကထိန်သင်္ကန်းနှင့် ပဒေသာပင် ကပ်လှူပူဇော်၍ ရေစက်ချ အမျှပေးဝေကြပြီး ဆရာတော်ကြီးများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဆွမ်းရေချမ်း ဆက်ကပ်ပူဇော်ကြသည်။ ဆက်လက်၍ ကထိန်အလှူတော်မင်္ဂလာပွဲသို့ တက်ရောက်လာသော ပါတီဝင်များနှင့် ဒေသခံပြည်သူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။ သက်နောင်ဦး(ငါန်းဇွန်)

ယနေ့ ခင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းမြင့် ဦးဆောင်သောအဖွဲ့ အင်တိုင်းလေး
ရွာသစ်ကုန်း ရွှေပန်းကုန် သရက်ပင်စု ယာတော် မုံလှကျေးရွာများသို့သွားရောက်ကာ ရပ်မိရပ်ဖ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင်အမာခံစီစစ်ခြင်းကို ရေးရာအဖွဲ့များ၊ မီဒီယာ အဖွဲ့များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ငါန်းဇွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆပ်ပျာကျင်းကျေးရွာ ကြောင်နံ့သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မိသားစုများက (၁၃)ကြိမ်မြောက် စုပေါင်းဘုံ ကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ဒီဇင်ဘာ (၄) ရက် နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိထံမှ သီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တသြဘာက ဆုံးမသြဝါဒမြွက်ကြားသည်။

ပြည်ထောင်စုနယ်မြေပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြား

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ (၅) ရက် နံနက် ၁ဝနာရီက လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ်ပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေ့ဆုံပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေဆုံပွဲကို ဒီဇင်ဘာ (၅) ရက်က ကျင်းပပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာ တွဲဘက် တာဝန်ခံ ဦးလှထွန်းဦး မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယု၊ အတွင်းရေးမှူး မြောက်ပိုင်းခရိုင် လူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ်ပါတီ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကွက်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။