မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံသတင်းမီဒီယာသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၂၇) ရက် နံနက် (၉) နာရီအချိန်က ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူ၊ ဦးအောင်နိုင်ဦး၊ မြင်းခြံခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ပါတီလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးစောမော်ထွန်း သည် တိုင်းအတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းကော်မတီဝင် ဦးရဲမြင့်ထွန်း ပဲခူးခရိုင်ပါတီဥက္ကဌ ဦးအောင်စိုး တို့လိုက်ပါလျှက် ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကျေးစည်းမှူး အမှုဆောင်များနှင့်တွေ့ဆုံ၍ ပါတီတွင်းဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့ သလဲဦးကုန်းသာကျေးရွာနှင့် ကုန်းခြံအထက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်း ဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်းထိန်းသိမ်းရး)၊ ဦးကိုကိုနိုင် (သုတေသနနှင့် ပညာရေးဌာနကြီး)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာ)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအုန်းဖေနှင့် ဦးမိုးစည်သူ၊ တောင်ကြီးခရိုင်ပါတီ ကော်မတီဝင် ဦးကျော်တိုး၊ ညောင်ရွှေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များလိုက်ပါပြီး ဒီဇင်ဘာ (၂၆) ရက် နံနက် ၁ဝ နာရီခွဲတွင် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာသို့လည်းကာင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကုန်းခြံအထက် ကျေးရွာသို့လည်းကောင်း သွားရောက်၍ ဒေသခံ မိဘပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သော အဖွဲ့ဝင်ငါးဦး ပါဝင်သည့် ပါတီ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးစဉ် MU2032 ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ယနေ့ (၂၃-၁၂-၂၀၁၆)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l ခရိုင် ကော်မတီဝင် ဒေါ်ဖြူဖြူကျော်l မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ လူငယ်ဘောလုံးအသင်းအတွက် အလှူငွေများ ပေးအပ်
(၂၂-၁၂-၂၀၁၆)ရက်နေ့တွင် ဒုတိယအဖြစ် အာခါလီရှောဘောလုံးအသင်းနှင့် သွားရောက်ယှဉ်ပြိုင်ကစားမည့် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးအသင်းအဖွဲ့ များကို မကာဟိုခမ်းရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဦးဝေယံဦး (ဘဏ္ဍာရေးမှူး)၊ ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးကျော်ငြိမ်းအောင်၊ ဦးအောင်ထန်တို့မှ တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်တာဝန်ခံ ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဒီဇင်ဘာ (၂၂) ရက် နံနက် (၁၀) နာရီ အချိန်မှစ၍ ဗဟိုကော်မတီဝင် ရန်ကုန်မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်း၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ (၈)မြို့နယ်မှ ပါတီဥက္ကဌများနှင့် အတွင်းရေးမှူးများ တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
# Yangon Thar
ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုး မီဒီယာသင်တန်းဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံ သတင်းမီဒီယာသင်တန်း ဖွင့်ပွဲကို ဒီဇင်ဘာ (၂၂) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလှပ် ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင် ဦးအောင်နိုင်ဦး၊ ကျောက်ဆည် ခရိုင်ဥက္ကဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြ များ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများနှင့် သင်တန်း သားများ တက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစမ်းပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် မဲဒီး ကျေးရွာရှိ ဘောလုံးအားကစား ကွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စု နယ်မြေပါတီဥက္ကဋ္ဌဖလား ဘော လုံးပြိုင်ပွဲအတွက် ဒက္ခိဏသီရိမြို့ နယ်အသင်းနှင့် ပုဗ္ဗသီရိမြို့နယ် အသင်းတို့ ယခုလ ၂ဝရက် မွန်းလွဲ ၃နာရီခွဲ၌ ဘောလုံးခြေစမ်းပွဲကစား ရာဒက္ခိဏအသင်းမှ နှစ်ဂိုး-တစ်ဂိုး ဖြင့် ဥတ္တရအသင်းအား အနိုင်ရရှိ ခဲ့သည်။ ယခုလ ၂၂ ရက်တွင် ဥတ္တရသီရိမြို့နယ်အသင်းနှင့် ဒက္ခိဏသီရိမြို့နယ်အသင်းတို့ ခြေစမ်းပွဲကစားရန် စီစဉ်ထား ကြောင်း သိရသည်။
ကွန်ပျူတာနှင့် IT နည်းပညာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂၅)ရပ်ကွက် စည်ပင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမဆောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ MCC (ဒဂုံတောင်) တို့ ပူးပေါင်းဖွင့်လှစ်သော ကွန်ပျူတာ နှင့် IT နည်းပညာသင်တန်း အမှတ် စဉ်(၆) သင်တန်းဆင်းပွဲကို ယခုလ ၂ဝ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ ရာ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးသာဝင်းက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။