ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ဖေဖော်ဝါရီ (၂၆) ရက် နေ့ညနေပိုင်းတွင် သာကေတ မြို့နယ်ရှိ အောင်စင်္ကြာပရမေတ္တာစက္ခုဒါနဆေးရုံကြီးတည်ထောင်ခြင်း တစ်နှစ်မြောက်၊ အခမဲ့မျက်စိကုသရေး အစီအစဉ် လေးနှစ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ တက်ရောက်ခဲ့သည်။









