ပြင်ဦးလွင်မြို့နယ်အတွင်းရေးမှူးနှင့်အဖွဲ့ ကျေးရွာစာကြည့်တိုက်သို့ စာအုပ်မျိုးစုံ ပေးအပ် လှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များတို့သည် ဒီဇင်ဘာ (၂၁) ရက်နေ့က သံတောင်ကျေးရွာရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့်တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး သံတောင်ကျေးရွာ စာကြည့်တိုက်အား စာအုပ်မျိုးစုံ (၁၀၀) အုပ်လှူဒါန်းခဲ့ပါသည်။

၎င်းနောက် သံတောင်ကျေးရွာနှင့် လိပ်ကျကျေးရွာ စာသင်ကျောင်းများတွင် ပညာ သင်ကြား နေကြသော ကလေး ငယ်များအား “မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း” မှ လှူဒါန်းသည့် ဗလာစာအုပ်များ၊ လေးကြောင်းမျဉ်းစာအုပ် များအား ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မော်ကျွန်းပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးပြုလုပ်

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မော်လမြိုင်ကျွန်းမြို့နယ်ပါတီ ဥက္ကဌ ဦးမြင့်အောင်၊ ခရိုင်ကော်မတီဝင် ဦးမြင့်ဆွေ၊ နယ်မြေ (၃) တာဝန်ခံ ဦးခင်မောင်ဝင်း၊ အမျိုးသမီးရေးရာ တာဝန်ခံ မဆွေဇင်မင်း တို့သည် ဒီဇင်ဘာ (၂၁) ရက် နေ့လည် (၁၂) နာရီတွင် မော်လမြိုင်ကျွန်းမြို့နယ် နယ်မြေအမှတ် (၃)ရှိ မြတ်သာရွာမ၊ မြတ်သာရွာဝ၊ မြတ်သာဇီးဖြူ၊ မိတ်သလင်ကုန်းကျေးရွာ အုပ်စုများရှိ ပြည်ခိုင်ဖြိုးခေါင်းဆောင်များ၊ ပါတီဝင်များ၊ လူငယ် ခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ကွင်းဆင်းသွားရောက်ကာ ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Okkar Kyaw

ဘိုကလေးမြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ အမာခံပါတီဝင်များအား တွေ့ဆုံမှာကြား

 

ဘိုကလေးမြို့နယ်ပါတီဥက္ကဌ ဦးမြသိန်း၊ အတွင်းရေးမှူး ဦးလှဌေး၊ နယ်မြေ(၃)တာဝန်ခံ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တိုးတိုးလှိုင်၊ အလုပ်သမားရေးရာ တာဝန်ခံ ဦးခင်ဝင်း၊ မီဒီယာကဏ္ဍတာဝန်ခံ ဒေါ်မေသန်းဦး တို့သည် ဒီဇင်ဘာ (၂၀) ရက် နေ့က မြင်းကကုန်းကျေးရွာပါတီအမာခံများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ခရိုင်/မြို့နယ်/ရပ်ကျေးပါတီအဖွဲ့များဖြင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်နယ် ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းသည် ဒီဇင်ဘာ (၂၀) ရက် နံနက် (၈) နာရီအချိန်က တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းလုံနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီ ခေါင်းဆောင်များနှင့် ပါတီအမျိုးသမီးအဖွဲ့များ စုစုပေါင်း အင်အား (၇၀) ဦးနှင့် တွေ့ဆုံ၍ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီရုံး၌ လူငယ်ရေးရာ လှုပ်ရှားဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

(၂၀.၁၂.၂၀၁၆)ရက်နေ့ (၁၃း၀၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းပါတီကော်မတီအဖွဲ့နှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဌများ၊ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံ၍ လူငယ်လှုပ်ရှားမှုဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးမျိုးမြင့်၊ ဒေါ်သိင်္ဂီအောင်(တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ)၊ ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင်လူငယ်တာဝန်ခံ၊ မန္တလေးခရိုင်အတွင်းရှိ(၇)မြို့နယ်မှ ဥက္ကဌများ၊ လူငယ်ရေးရာတာဝန်ခံများတက်ရောက်ခဲ့ကြပြီး လူငယ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးကိစ္စအားဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ရွှေခြင်္သေ့ လူငယ် လူမှုကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်

 

20.12.2016 ရက်နေ့ တမှုးခရိုင် ပြည်ခိုင်ဖြိုးပါတီ ရွှေခြင်္သေ့ခန်းမ၌ ရွှေခြင်္သေ့လူငယ်လူမှု ကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ခရိုင်အရန်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရွှေခြင်္သေ့ လူမှုကူညီရေးအဖွဲ့ဝင်များ၊ အလှူရှင်များ ၊ မြို့မိမြို့ဖများ၊ စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား (၁၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်ကြီးတံခွန် ပြည်ခိုင်ဖြိုးပါတီမှ အားစကားပွဲပြုလုပ်

 

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပသော ရပ်/ကျေးကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များပူးပေါင်း၍ ဒီဇင်ဘာအားကစားလ၌ အပျော်တမ်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို ပျော်ရွှင်စွှာခတ်ကစားခဲ့ကြပြီး ပထမဆု (၅၀၀၀၀ )ဒုတိယဆ၉ု ၃၀၀၀၀) တတိယဆု (၂၀၀၀၀ )အသီးသီးချီးမြှင့်ခဲ့ပြီး ခရိုင်စည်းရုံးရေးတာဝန်ခံ ဦးသီဟဇော်မှ ဆုရရှိခဲ့သောအသင်းများအား ဆုကြေးငွေ ၁၀၀၀၀ကျပ်စီ အပိုထပ်ဆောင်းချီးမြှင့်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


မန္တလေးခရိုင်ပြည်ခိုင်ဖြိုးများစုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေးအားကစားပြုလုပ်

 

(၂၀.၁၂.၂၀၁၆)ရက်နေ့ နံနက်(၀၆း၃၀)အချိန်တွင် မန္တလေးခရိုင်အတွင်းရှိပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်း၍ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိဘောလုံးကွင်းအတွင်း၌ ဒီဇင်ဘာလစုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအားကစားပြုလုပ်ရာ တိုင်းဒေသကြီးကော်မတီဝင်ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ဥက္ကဌများနှင့်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများကို စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး