ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လောင်းလှူ

မြင်းခြံ မတ် ၁၃

၁၃-၃-၂၀၂၃ ရက်နေ့ ၁၄:၀၀မှ၁၅:၃၀ အချိန်ထိ မြင်းခြံမြိုတွင် ( ၄၁ )ကြိမ်မြောက်၊ မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမန်းမြင့်၊ အတွင်းရေးမှုးဒေါ်သီတာယုမွန်နှင့် ကော်မတီဝင်များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များမှ သံဃာတော် ( ၈၂၃ )ပါး အတွက် ဆွမ်းဆန်တော် ၂၅ အိတ် ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရှိရသည်။

ပါတီဝင်များဖြင့် ကွင်းဆင်းတွေ့ဆုံခြင်း

တာချီလိတ် မတ် ၁၃

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ပါတီဥက္ကဌ(ယာယီ)ဦးကျော်ငြိမ်းအောင်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုးကျော်အောင် သည် မြို့နယ်ပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူအန်တူငဲတ၊ မြို့နယ်ပါတီရုံးဝန်ထမ်းများ နှင့်အတူ မိုင်းကိုးအုပ်စုစည်းရုံးရေးတာဝန်ခံ ဦးကျဒေါလော် တို့ဖြင့် မိုင်းကိုးအုပ်စု၊ မယ်ဖုံးလုံကျေးရွာမှ ပါတီဝင်များဖြင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးတိုင်ပင်ခြင်း၊ PR စနစ် အကြောင်းအား ပါတီဝင်များ သိရှိနားလည်စေရန် ရှင်းလင်း ပြောကြားပေးခြင်း၊ ပါတီဝင်အင်အားစီစစ်ခြင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံညှိနိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယရက်(၉၀) စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

ရန်ကုန် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယရက်(၉၀) စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးအား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကုန်တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးမှ ပါတီဗဟို၏ လမ်းညွှန်ချက်ဖြစ်သော ဒုတိယရက်(၉၀)စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားသို့ တာဝန်ခံဗဟို အလုပ်အမှုဆောင် များတက်ရောက်

 

မတ် ၁၂၊ ပုသိမ်

​၁၂-၃-၂၀၂၃ ရက်နေ့ နံနက် ၉ အချိန်တွင် ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လူငယ်၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ တာဝန်ခံဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားသို့ တာဝန်ခံဗဟို အလုပ်အမှုဆောင်များတက်ရောက်

မတ် ၁၂၊ ကန်ကြီးထောင့်

​၁၂-၃-၂၀၂၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် လူငယ်၊ အမျိုးသမီးရေးရာ (၂၉၉)ဦးနှင့် တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ တာဝန်ခံ ဗဟိုအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်များမှ လူငယ်များတွေ့ဆုံပွဲနှင့် လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပွဲသို့ တက်ရောက

  

မတ် ၁၃၊ သံတွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်အတူ ၁၂-၃-၂၀၂၃ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် သံတွဲမြို့နယ် ဒွာရာဝတီခန်းမ၌ ပြုလုပ်သည့် ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်များအတွင်းရှိ လူငယ်(၃၇၀)ဦးခန့်နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပါတီဝင်စိစစ်ခြင်းဆောင်ရွက်

မိုင်းယောင်း မတ် ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းခရိုင် ၊  မြို့နယ်ပါတီဝင်အင်အားစိစစ်ရေးဆောင်ရွက်ခဲ့ပါသည်။


ပါတီဝင်စိစစ်ခြင်းဆောင်ရွက်

မိုင်းယန်း မတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် ရုံး၀န်ထမ်းအဖွဲ့တို့မှ ပါတီ၀င်အင်အား ပြန်လည်စိစစ်သည့်လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

 


ပါတီဝင်အဖြစ်လျှောက်ထားသူများအား ပါတီဝင်အဆိုပြုလွှာဖြည့်သွင်းခြင်းဆောင်ရွက်

တန့်ယန်း မတ် ၁၁

ရက်(၉၀)စီမံချက်ဆက်လက်ဆောင်ရွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြိုနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးကျော်လှိင်ဦးဆောင်သောမြို့နယ်ကော်မတီဝင်များနှင့်ရုံးဦးစီးအဖွဲ့များသည်၂၀၂၃ ခုနှစ်၊ မတ် လ(၁၁) ရက် နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊တန့်ယန်းမြို့၊မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများမှ ပါတီဝင်အဖြစ် လျှောက်ထားမှုများကို စနစ်တကျလက်ခံခြင်းနှင့်ပါတီဝင်အင်အားစိစစ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။


မိဘမဲ့ကျောင်းအတွက်ဆန်၊ဆီ၊ဆားများ လှူဒါန်းပြီး ပိုလီယိုရောဂါခံစားနေရသော ကလေးများအား ထောက်ပံ့

လားရှိး မတ် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းခမ်းယဉ်နှင့်မိသားစုသည် လားရှိးမြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းမြမြဆွေနှင့် လူငယ်ရေးရာ တာဝန်ခံဒေါ်ချို မာတိုပါလိုက်ပါ၍၂၀၂၃ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိးမြို့ အလင်းအိမ်မိဘမဲ့  ကျောင်းရှိ မသန်မစွမ်း ပိုလီယိုရောဂါခံစားနေရသော ကလေးများအတွက် (၁)ဦးလျှင် ငွေကျပ် (၂) သောင်းစီ ထောက်ပံ့ပေးခဲ့ပြီး အလင်းအိမ်မိဘမဲ့ကျောင်းအတွက် ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ ဆပ်ပြာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ကြောင်းသိရပါသည်။