





ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ၂၈ ရက်နေ့ နေ့လည် ၁၄၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်း၊ သုံးရာသီဖောင်ဒေးရှင်း၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များမှ ညီအစ်ကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ပရဟိတလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုအတွင်းရေးမှူးမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။




ရန်ကုန် ဩဂုတ် ၂၈




ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် တိုင်းကော်မတီဝင် ဒေါက်ထွန်းထွန်းဝင်း(ဥပဒေအကြံပေး)၊ တိုင်းကော်မတီဝင် ဦးနေဝင်း၊ မရမ်းကုန်းမြို့နယ်ပါတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မသန်စွမ်းကလေးပြုစုစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ကြည့်ရှု၍ အလှူငွေလှူဒါန်းခဲ့ကြပါသည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၀၉၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ NGO အဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များ၊ ဆွမ်းလောင်းအသင်းအဖွဲ့များ၊ နာရေးကူညီမှုအသင်းအဖွဲ့ များမှ ညီအကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။



ဧရာဝတီ ဩဂုတ်လ ၂၆
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်းရှိ NGO အဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့ညီအကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။





ရန်ကုန် ဩဂုတ် ၂၆


ဩဂုတ် ၂၆၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင် ၂၆-၈-၂၀၂၄ ရက်နေ့မှ ၂၈-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် International Municipal BRICS Forum(2024) သို့တက်ရောက်ရန်အတွက် ယနေ့နံနက် ၀၇:၃၀ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်အမှတ် MAI-8M 335 လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပါသည်။
ပါတီကိုယ်စားလှယ်အဖွဲ့တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်ပြီး ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြပါသည်။









