



နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်၊ဗဟိုကော်မတီဝင်ဦးခင်မောင်တင့်၊ပြည်တောင်စုနယ်မြေ ခေတ္တ ဥက္ကဋ္ဌဦးလှဆွေ၊ပြည်ထောင်စုနယ်မြေကော်မတီဝင်များနှင့်အတူ (၁၇.၉.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင်နေပြည်တော်၊ပြည်ထောင်စုနယ်မြ ပုပ္ဗသီရိမြို့နယ် ရွာသစ်ကျးရွာ၊ရန်အောင်မြင် ဘုန်း တော်ကြီးကျာင်းသိုသွားရောက်၍ဆရာတော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ထိုဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိခိုလှုံနေကြသောအေးမြင့်သာယာရွာမှရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီးနှစ်သိမ့်အားပေးစကားများပြောကြားခဲ့ပါသည်။
ထိုမှတစ်ဆင့်ပါတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ကျည်တောင်ရပ်ကွက်၊လှေခွင်းတောင်ဘုရား ကျောင်းဝန်း၌ရောက်ရှိခိုလှုံနေကြသော ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများသွားရောက်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ဘုရားဝန်းအတွင်းရှိရေဘေးသင့်ပြည်သူများခိုလှုံ နေသောနားနေဆောင်သို့သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအားနှစ်သိမ့်အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။




























