


ပျော်ဘွယ် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ပျော်ဘွယ်မြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ ပေးအပ်လှူ
ဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလှူငွေ ပေးအပ်လှုဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးဦးသောင်းအေးနှင့်ဇနီး ဒေါက်တာဒေါ်သင်းမျိုးမျိုးအောင်၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ပျော်ဘွယ်မြို့ နယ်ပါတီဥက္ကဌ ဦးအောင်နိုင်ညွန့်နှင့်ကော်မတီဝင်များ၊ပျော်ဘွယ်မြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင်၊မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးနေထွန်း၊အလင်းရောင် သဘာဝဘေးအန္တရာယ်လူမှုကူညီရေးနှင့်ကယ်ဆယ်ရေးပရဟိတ အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ပါတီဗဟို အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်ဇနီးဒေါက်တာဒေါ်သင်းမျိုးမျိုးအောင်က အလှူငွေ (၁၅)သိန်းကျပ် ပေးအပ်လှုဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။





































