ယူရီးယားဓာတ်မြေဩဇာပေးအပ်ပွဲနှင့် စုပေါင်းဓာတ်မြေဩဇာပက်ကြဲပွဲသို့ တက်ရောက်
ကျေးသီး ဩဂုတ် ၁၅
၂၀၂၃ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က ကျေးသီးမြိုနယ်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၄ ခုနှစ် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့သော ယူရီးယားဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ မြိုနယ်ပါတီကော်မတီဝင် ဦးစိုင်းမြင့်နိုင်မှ တက်ရောက်ခဲ့ပြီး မိုးကောင်းကျေးရွာ အုပ်စုရှိ ဦးပညာ ၏ မိုးရာသီမျိုးစေ့ထုတ် စံပြစိုက်ကွက်တွင် စုပေါင်းဓာတ်မြေဩဇာပက်ကြဲရာတွင်လည်း ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့မှ စေတနာရှင်အလှူရှင်များနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ဖေးမကူညီထောက်ပံ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
တောင်ကြီး ဩဂုတ် ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
သြဂုတ် ၁၂၊ ရန်ကုန်
ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့တွင် ရန်ကုန်-မန္တလေးကားလမ်းကျော်နေပြီး ယာဉ်များဖြတ်သန်းခွင့် ပိတ်ထားကာ ယာယီရေဘေးရှောင်စခန်း(၁၃)ခုဖွင့်လှစ်ထားရှိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း တက်ရောက်
ရန်ကုန် သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လပတ်ပုံမှန်အစည်းအဝေးကျင်းပခြင်း
ရနကုန် ဩဂုတ် ၉ ရက်
ယနေ့ ၉-၈-၂၀၂၃ ရက်နေ့ နံနက်(၉)နာရီက ကမာရွတ်ခရိုင်၊ကမာရွတ်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မြိုနယ်ပါတီကော်မတီဝင်များလုပ်ငန်းညှိနှိင်းစည်ဝေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်၊
ထိုသိုကျင်းပပြုလုပ်ရာတွင် ခရိုင်/မြိုနယ်ပါတီ ဥက္ကဌဒေါ်သီသီမွန် မှ ပါတီရှေ့လုပ်ငန်းစဉ် ရက်(၉၀) စီမံချက်ပြီးမြောက်မှုအခြေအနေများ
ပြည့်မဏ္ဍိုင်အဖွဲဝင်များနှင့်NGO အဖွဲများပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများအပြင် မြိုနယ်ပါတီရုံး ဝန်ထမ်းများနှင့် မြိုနယ်ရေးရာကော်မတီအဖွဲဝင်များမှပါတီ၏ ရုံးလုပ်ငန်းစာရင်းဇယားများ/ ပါတီစည်းရုံးရေးရာမှ မိမိပါတီဝင်လူဦးရေစာရင်းဇယားများကို UEC ကော်မရှင်အဖွဲများအစစ်ဆေးခံနိုင်ရန် ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများအား အပြန်အလှန်အသေးစိတ်ဆွေးခဲ့ပြီး မြိုနယ်အတွင်းရေမှူး ဦးဗိုလ်စော မှ UEC မှစစ်ဆေးမည့်ပါတီဝင်အင်အားစာရင်းများ ပါတီဝင်ပုံစံများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်လက်ပြီး version 2 Application အသုံးပြုရန်နှင့် ပါတီဝင်အင်အားစီစစ်ခြင်းလုပ်ဆောင်ရန်တိုကိုရှင်းလင်းတင်ပြခဲ့ပါသည် ဆက်လက်ပြီတက်ရောက်လာသော မြိုနယ်ပါတီကော်မတီဝင်များ၏ဆွေးနွေး တင်ပြခြက်များကို ခရိုင်/မြိုနယ်ပါတီ ဥက္ကဌဒေါ်သီသီမွန် မှ ရှင်းလင်းဆွေးနွေးခဲ့ပြီးအစည်းအဝေးကို နေ့လည်(၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်၊ ယနေ့ပြုလုပ်သောလုပ်ငန်းညှိနှိင်းအစည်းအဝေးတွင်မြိုနယ်ပါတီကော်မတီဝင်(၁၀)ဦ တက်ရောက်ခဲ့ကြသည်။
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရေဘေးသင့်ပြည်သူများ ဆန် အိတ်ထောက်ပံ့လှူဒါန်း
ဘားအံ ဩဂုတ်၉
ကရင်ပြည်နယ်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌဒေါ်နန်းနီနီအေးသည် ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်းထိန်၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်စန္ဒာဦး၊ ပြည်နယ်ကော်မတီဝင်စောမြင့်ဝင်းအောင်၊ ဦးအောင်ကျော်သိန်း မြိုနယ်ပါတီဥက္ကဌစောစိန်ဝင်းနှင့် ပါတီဝင်များ၊ ရုံးအဖွဲများလိုက်ပါလျှက်၂၀၂၃ခုနစ် ဩဂုတ်လ၉ရက်၁၀၀၀နါရီအချိန်တွင် ရွှေယဉ်မျှော်ဘုရားရှိရေဘေးသင့်ပြည်သူအိမ်ထောင်စု ၉၈ စု ကြားတောရ ဘုန်းတော်ကြီးကျောင်း ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၂ စု၊ဆိုင်ကလုန်းရှာတာကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၇ စုတိုအား ဆန်အိတ်၆ပြည်ဝင်၄၈အိတ် အား သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ၊ ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်