


စက်တင်ဘာ ၂၆၊ သာယာဝတီ
(၂၆.၉.၂၀၂၄) ရက်နေ့ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သာယာဝတီခရိုင်ရုံးတွင် ပြည်ခိုင်ဖြိုးပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် သာယာဝတီခရိုင် ပြည့်မဏ္ဍိုင်အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ကျင်းပခဲ့ပါသည်။
တွေဆုံပွဲတွင် တွဲဘက်အထွေထွေအတွင်းရေးမှူးမှ ပြည့်မဏ္ဍိုင် ဖွဲ့စည်းရေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက်သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည့်မဏ္ဍိုင် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တွဲဘက်အထွေထွေအတွင်းရေးမှူးမှပြန်လည်ရှင်းလင်းခဲ့ပြီးတွေ့ဆုံပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။


























