ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် ( ၂ / ၂၀၂၃ ) ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့
====================================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် ( ၂ / ၂၀၂၃ ) ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့
====================================
မရမ်းကုန်း အောက်တိုဘာ ၂၅
မရမ်းကုန်းမြိုနယ် အမှတ်(၂)ရပ်ကွက် ဦးထွန်းရှိန်လမ်း အမှတ်(၅၇၁) မြေညီထပ် နေ မောင်ပိုင်ခန့်ငြိမ်းကျော် အသက်(၆)နှစ် သည် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားခဲ့ ပြီး လက်ရှိတွင် ပါရမီ ကလေး ဆေးရုံတွင် ဆေးကုသမှုခံယူနေပါသည်။
ခြင်ဆေးဖြန်ပေးပါရန် အကူအညီတောင်းခံလာပါသဖြင့် ရောဂါဖြစ်ပွားရာ တိုက်ခန်းနှင့်အပေါ်ထပ်များနှင့် အရှေ့ဘက်ရှိ ရေမြောင်းအားမရမ်းကုန်းပြည်ခိုင်ဖြိုးပါတီမှခြင်ဆေးဖြန်းခြင်းဆောင်ရွက်ပေးခဲ့ပါသည်။
==================
ဘိုကလေး အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြိုနယ်၊သစ်တိုချောင်းကျေးရွာအုပ်စု၊နတ်ချောင်းကျေးရွာလမ်း(၁၅)ပေ ၊အရှည်(၄၅၀၀)ပေကိုယ်ထူ ကိုယ်ထတိုးချဲ့ဖောက်လုပ်ခြင်းလုပ်ငန်းတွင်နတ်ချောင်းကျေးရွာအောင်ဇမ္ဗူကျော်ဆန်စက်ပိုင်ရှင်ဒေါ်သင်းသင်နိုင်မှ သဲခင်ရန်အတွက် အလှူငွေ(၅၀၀၀၀၀)ကျပ်ထဲ့ဝင်လှူဒါန်းပေးရာတွင်၎င်းကိုယ်စားဘိုကလေးမြိုနယ်၊ ပြည်ခိုင်ဖြိုးမြိုနယ်ကော်မတီဝင်မီဒီယာတာဝန်ခံဦးကိုကိုလေးမှ (၂၅.၁၀.၂၀၂၃)ရက်နေ့၊ မနက်(၀၉၀၀)နာရီအချိန်တွင် လမ်းကော်မတီဥက္ကဌဦးမြင့်ဇော်ထံ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။
=========================
ကိုယ်ထူကိုယ်ထလမ်းခင်းရာသို့ အလှူရှင်ကိုယ်စားအလှူငွေသွားရောက်လှူဒါန်းပေး
ဘိုကလေး အောက်တိုဘာ ၂၅
တိုက်ကြီး အောက်တိုဘာ ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံဒေါက်တာထွန်းထွန်းဝင်းနှင့် တိုက်ကြီးခရိုင်/မြိုနယ်ပါတီဥက္ကဌ ဦးခင်မောင်မြင့်၊ ခရိုင်အတွင်းရေးမှူးဦးဝင်းသက်နှင့် ခရိုင်ကော်မတီဝင်များ၊ မင်္ဂလာဒုံခရိုင်အတွင်းရေးမှူး ဒေါ်ချမ်းမြအေးနှင့် တိုက်ကြီးမြိုနယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ အောက်တိုဘာလ(၂၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က တိုက်ကြီးမြိုနယ် အိုးတန်းရပ်ကွက်လူငယ်များနှင့် ရွာတန်းရှည်လူငယ်များပရဟိတအသင်းရုံး၌ တွေ့ဆုံခဲ့ကြပါသည်။
သန်လျင် အောက်တိုဘာ ၂၄
ဒဂုံမြို့သစ်(တောင်ပိုင်း) အောက်တိုဘာ ၂၄
လှည်ကူး အောက်တိုဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တာဝန်ခံ၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးနှင့်အောက်မြန်မာပြည် လူငယ်တာဝန်ခံဗဟိုအလုပ်အမှုဆောင်ဒေါ်သိင်္ဂီဝင်းရွှေတို့သည်(၂၃.၁၀.၂၀၂၃)နေ့နံနက်ပိုင်းတွင်၊ရန်ကုန်ကုန်တိုင်းဒေကြီး၊လှည်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌လှည်းကူးမြို့နယ်ပါတီမှ Project Cycle Management အကောင်အထည်ဖော်ဆောင်ရွက်နေမှု့အပေါ် KPI(Check List)ဖြင့် အကဲဖြတ်ကြည့်ရှု စစ်ဆေးပြီး ခရိုင် ၊မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံကာ အားသာချက်၊အားနည်းချက်များအား သုံးသပ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
=======================
Project Cycle Management အကောင်ထည်ဖော်ဆောင်ရွက်နေခြင်းအပေါ် အားသားချက်၊အားနည်းချက်များအားသုံးသပ် ဆွေးနွေး