



ဇူလိုင် ၉၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ နေ့လည် ၁၁၀၀ နာရီအချိန်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဥပဒေပညာရှင်အချို့နှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက်တိုက်ဖျက်မှုဆိုင်ရာ ဥပဒေများနှင့် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များအား တက်ရောက်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး နေ့လည် ၁၂၁၅ နာရီအချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ပါသည်။






























