ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လှူသွားကြသော သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်

 

ဒီဇင်ဘာ ၃၊ နေပြည်တော်

လူငယ်များနှင့်စကားဝိုင်းပြုလုပ်

ပြည် နိုဝင်ဘာ ၃၀

၃၀-၁၁-၂၀၂၃ ပဲခူးအနောက်ပြည်မြို့နယ် PCM စီမံချက်ပါ လူငယ်တွေ့ ဆုံပွဲ ကိုတိုင်းပါတီရုံးတွင်ကျင်းပရာ တိုင်းပါတီဥက္ကဋ္ဌဦးအောင်ချိုဦး တိုင်းအတွင်းရေးမှူး ဦးကျော်ကျော်လင်း တိုင်းကော်မတီဝင်ဦးမျိုး ပြည်ခရိုင်ပါတီဥက္ကဋ္ဌဒေါ်ဆွေဆွေသင်း ပြည်မြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်ူထွန်းနိုင်နှင့် ကော်မတီဝင်များ လူငယ်များတက်ရောက်ခဲ့ကြပြီး PCM လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခဲ့ပါသည်။

======================

အမျိုးသမီးရေးရာ တွေ့ဆုံပွဲပြုလုပ်

အောင်မြေသာစံ နိုဝင်ဘာ ၂၈

၂၈-၁၁-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၀:၄၅ အချိန်ထိ အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အမျိုးသမီးရေးရာ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊အမျိုးသမီးပါတီဝင်များ၊First Time Voters များ၊စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ပါသည်။တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေးတိုက ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးရေးရာ မူဝါဒ၊သဘောထားများ၊ပါတီမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာကဏ္ဍ လှုပ်ရှားဆောင်ရွက်နေမှုများ၊အမျိုးသမီးပါတီဝင်အသစ် တိုးချဲ့စည်းရုံးရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပဉ္စမအကြိမ်မြောက် စုပေါင်းဘုံကထိန်တွင် ပါဝင်ကုသိုလ်ပြုလှူဒါန်း

တာချီလိတ် နိုဝင်ဘာ ၂၇

၂၇_၁၁_၂၀၂၃ ရက်နေ့တွင်၊တာချီလိတ်မြို၊လွယ်တော်ခမ်းအုပ်စု ကုသိန္နာရုံကျောင်းတိုက်(အိုဆဲဗင်း)တွင် (၃၈)ကြိမ်မြောက်စုပေါင်းဘုံကထိန်ကျင်းပရာသို ခရိုင်/မြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ပဉ္စမအကြိမ်မြောက်စုပေါင်းလှူဒါန်းမှုဖြင့် ငွေပဒေသာပင်၊ အလှူပစ္စည်းပဒေသာပင်တိုကိုပါဝင်ကုသိုလ်ပြုလှူဒါန်းခဲ့ပါသည်။

ကထိန်ခင်းသည့်ကျောင်းတိုက်သို ခရိုင်ပါတီဥက္ကဌဦးဘိုစံ၊ခရိုင်အတွင်းရေးမှူးဦးဟန်ဦး၊မြိုနယ်ပါတီ ဥက္ကဌဦးကျော်ငြိမ်းအောင်၊မြိုနယ်အတွင်းရေးမှူး ဦးစိုးကျော်အောင် တိုနှင့်အတူမြိုနယ်ကော်မတီဝင်များ၊ပါတီလူငယ်ရေးရာနှင့်မြိုနယ်အမျိုးသမီးရေးရာတာဝန်ခံနှင့်ပါတီလူငယ်များအမျိုးသမီးအဖွဲများပါဝင်၍ ကျောင်းတိုက်သိုမော်တော်ယာဉ်များဖြင့်တစ်ပျော်တစ်ပါးသွားရောက်၍ ပဒေသာပင်များအားရေစက်ချလှူဒါန်းခဲ့ကြပါသည်။

ယနေ့တွင်ခရိုင်နှင့်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအနေဖြင့်ပဉ္စမအကြိမ်မြောက်စုပေါင်းလှူဒါန်းခြင်းမှာ ငွေသားကျပ်(၁၃)သိန်း(၂)သောင်း၊ငွေသာဘတ်(၁)သောင်း(၈)ထောင်(၄)ရာ၊ပစ္စည်းတန်ဘိုးမှာဘတ်(၈)ထောင်၊(၃)ရာဖြစ်သဖြင့် အားလုံးစုစုပေါင်းလှူဒါန်းငွေမှာ ကျပ်(၁၃)သိန်း(၂)သောင်းနှင့်ဘတ်(၂)သောင်း၊(၆)ထောင်(၇)ရာတိတိဖြစ်ကြောင်းသတင်းရရှိပါသည်။

ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပဒေသာပင်လှူဒါန်း

ဒေးဒရဲ နိုဝင်ဘာ ၂၇

(27.11.2023) ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲ မြို့နယ်၌ မနေ့က ကျင်းပခဲ့သော စုပေါင်းဘုံက ထိန်ပွဲတော်တွင် မြို့နယ်ပြည်
ခိုင်ဖြိုးပါတီ မိသားစုမှတန်ဖိုး ၂၃ သိန်းရှိ ပဒေသာပင်အား မဲပေါက်သော ဆရာတော်အား လှူဒါန်းခဲ့ပါသည်။

====================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာချောင်ချိရေး ဆန် ဒုတိယအကြိမ် ထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆဋ္ဌမအကြိမ်မြောက် ပါတီဌာနချုပ် မိသားစု ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်

ပါတီမှဖွင့်လှစ်သော အမျိုးသမီးစက်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်

ဟင်္သာတ နိုဝင်ဘာ ၂၂

၂၀၂၃ နိုဝင်ဘာ ၂၂ ရက် ၁၀း၁၅ ချိန်မှ ၁၁း၃၀ ချိန်ထိ ဟင်္သာတမြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမျိုးသမီးရေးရာProject အစီအစီဉ်ဖြင့် ဖွင့်လှစ်သော စက်ချုပ်သင်တန်း ဆင်းပွဲကို ဟင်္သာတမြို ဟင်္သာနေခြည်သင်တန်းခန်းမတွင်ကျင်းပပြုလုပ်ရာ ခရိုင်ပါတီဥက္ကဌဒေါက်တာဌေးဝင်းနှင့်ကော်မတီဝင်များ၊မြိုနယ်ဥက္ကဌဦးဌေးဝင်းနှင့်ပါတီကော်မတီဝင်များ၊ရပ်ကျေးပါတီခေါင်းဆောင်များနှင့်သင်တန်းသူ(၂၃) ဦးအပါအဝင် အင်အား(၅၀) ဦးတက်ရောက်ခဲ့ပါသည်။

==============

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီ မိသားစု၏ “မဟာဘုံကထိန်စုပေါင်းရေစက်ချ တရားနာခြင်း မင်္ဂလာအခမ်းအနား”အား နိုဝင်ဘာလ ၂၂ ရက်နေ့နံနက် (၀၉၃၀)အချိန်က သင်္ဃန်းကျွန်းမြိုနယ်ရှိ “ပရိယတ္တိ ပဋိပတ္တိသာသနာပြု မူလဆယ်တောင်ပြည့်ကျောင်းတိုက်တော်”အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။