

ပြည် စက်တင်ဘာ ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ပြည်ခရိုင် ပြည့်မဏ္ဍိုင်အဖွဲ့ဝင်များတွေ့ဆုံပွဲကို(၂၅.၉.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အနောက်)တိုင်းပါတီရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူးမှ ပြည့်မဏ္ဍိုင် ဖွဲ့စည်းရေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက် တွေ့ဆုံပွဲတက်ရောက်လာကြသောပြည်ခရိုင်၊ မြို့နယ်များမှ ပြည့်မဏ္ဍိုင် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တွဲဘက်အထွေထွေအတွင်းရေးမှူးမှပြန်လည်ရှင်းလင်းခဲ့ပြီး တွေဆုံပွဲကိုရုပ်သိမ်းခဲ့ပါသည်။
































