ပုသိမ် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့်အတူ ဗဟိုအတွင်းရေးမှူးဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် ၂၀၂၄ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်များမှ မျိုးဆက်သစ်လူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။