ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ နှင့် ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ကျင်းပသော International Inter-Party Conference သို့ တက်ရောက်လျက်ရှိ



မေ ၁၇၊ နေပြည်တော်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Belaya Rus ပါတီ ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ကျင်းပသော International Inter-Party Conference ဒုတိယနေ့အစီအစဉ်များကို တက်ရောက်လျက်ရှိသည်။

နိုင်ငံချစ်စိတ်ဖြင့် တိုင်းပြည်နှင့်ပြည်သူအတွက် နိုင်ငံ့အရေးကို စည်းလုံးညီညွတ်စွာလုပ်ဆောင်ကြရန် မကွေးတိုင်းဒေသကြီး တိုင်းပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ၌ ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်း မှာကြား




မကွေး မေ ၁၆

ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် (၁၆-၅-၂၀၂၅)ရက်နေ့က ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်တို့ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ တိုင်းပါတီခန်းမ၌ တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။




——————————————————-
ဘယ်လာရုစ်နိုင်ငံ၊ မင်းစ်မြိုတွင် မေလ (၁၅)ရက်မှ (၁၇)ရက်နေ့ထိ ကျင်းပမည့် နှစ်(၈၀)ပြည့် Great Patriotic War အခမ်းအနား တက်ရောက်ရန် နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်အတွက် ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့၏ မှတ်တမ်းပုံရိပ်များ

ပါတီဥက္ကဌဦးခင်ရီ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သွားရောက်မည့် အစီအစဉ်နှင့်ပက်သက်ပြီး တွေ့ဆုံမေးမြန်းခြင်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန်နှင့် နှစ်(၈၀)ပြည့် Great Patriotic war အခမ်းအနားတက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာ



မေ ၁၅၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ Belays Rus ပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင်းစ်မြို့တွင် မေလ (၁၅)ရက်မှ (၁၇)ရက်နေ့ထိ ကျင်းပမည့် နှစ်(၈၀)ပြည့် Great Patriotic War အခမ်းအနား တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ၁၈၀၀ နာရီချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ


ရန်ကုန် မေ ၁၄

အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ခရိုင် တစ်ခုချင်းအလိုက် ပါတီတာဝန်ရှိသူများ၊ တိုင်းပါတီကော်မတီဝင်များအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အသေးစိတ်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှုများအား ၂၀၂၅ခုနှစ် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်တိုင်တိုင်တွေ့ဆုံဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံရေးပါတီ (၃၂)ပါတီ၏ ဆွေးနွေးချက်များမှ အကျဉ်းချုပ်ကောက်နှုတ်ချက်










ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းနှင့်ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် မွန်ပြည်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲသို့တက်ရောက်





မေ ၁၀၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူ ၁၀-၅-၂၀၂၅ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သော ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲသို့ တက်ရောက်ခဲ့ပြီး အလှူငွေများ လှူဒါန်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းနှင့်တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များသည် G-12 စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/သူများအား သွား ရောက်တွေ့ဆုံ အားပေးစကားပြောကြား

သာစည် မေ ၁၁
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ဦးမျိုးမြင့်၊မိတ္ထီလာခရိုင်ပါတီကော်မတီဝင် ဦးလွင်မျိုးထွန်း၊သာစည်မြို့နယ်ပါတီဥက္ကဌ ဒေါ်ကြူကြူမော်နှင့်ကော်မတီဝင်များသည် G-12 စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/သူများအား သင်ခန်းစာများ သင်ကြားပေးနေသော သာစည်မြို့နယ်၊ဟံဇားကျေးရွာရှိ ဟံဇားအထကစာသင် ကျောင်းသို့ သွားရောက်ကာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ G-12 စာမေးပွဲ ပြန် လည်ဖြေဆိုမည့် Camp ဝင်ရောက်နေသော ကျောင်းသား/သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပါသည်။