
ရန်ကုန် နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀)အချိန်က ဒလမြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းက ပါတီဝင်အင်အားစီစစ်၍ မြေပုံရေးဆွဲနိုင်ရေးနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥက္ကဌမှ စည်းရုံးဆောင်ရွက်ရမည့် ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။














