
လားရှိုး နိုဝင်ဘာ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေနှင့် လားရှိုးမြို့ အမှတ်(၁) ရပ်ကွက် အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများမှ ဦးဆောင်ဖွဲ့စည်း ထားသော မာဃ ဆွမ်းလောင်း အသင်း၏ မဟာဘုံကထိန်လှူဒါန်းပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၁) ရပ်ကွက်၊ နယ်မြေ(၈)၊ ရဲဘော်ဟောင်းကျောက်တောင် အတွင်းရှိ ဓမ္မဝိဟာရ ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။

















