အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးတွေ့ဆုံပွဲပြုလုပ်

(၁၇.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အမရပူရမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေး ပါတီရုံး၌ အမျိုးသမီးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်မှ အမျိုးသမီးကဏ္ဍမှဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးများဘဝဖွံ့ဖြိုးတက်ရေးခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသိန်းထွန်းဦး၊ ဒေါ်ဝါဝါလှိုင်၊ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်ခိုင်စိုး၊ မြို့နယ်အမျိုးသမီးတာဝန်ခံ ဒေါ်မြမြသက် နှင့် အမျိုးသမီးပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

International Conference of Asian Political Parties (ICAPP) အထွေထွေညီလာခံတက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများသွားရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများ ညီလာခံ (ICAPP) အမြဲတမ်းကော်မတီဝင် ဦးမောင်မြင့်နှင့် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်တို့သည် International Conference of Asian Political Parties (ICAPP) မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက် နေ့ထိ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် (ICAPP) အထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် ယနေ့ညနေ (၁၈၁၀)နာရီအချိန်တွင် ရန်ကုန် – ဘန်ကောက် – အစ္စတန်ဘူလ် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။

ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပဲနွယ်ကုန်းဒေသရှိ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ

ကျောက်တံခါး နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌဦးဘုန်းမြင့်ဦးနှင့် ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပဲနွယ်ကုန်းဒေသရှိ ပါတီအမာခံခေါင်းဆောင်များ နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မြို့နယ်အတွင်းရှိပ ါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

သနပ်ပင် နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  မြို့နယ်ပါတီရုံးအစည်းအဝေး ခန်းမတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းသည် မြို့နယ်ကော်မတီဝင်များနှင့် နယ်မြေများရှိ ပါတီဝင်များအား နိုဝင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အေးချမ်းသာယာရပ်ကွက်ရှိ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ဝေါ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး  ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ ဦးမောင်ယုနှင့် အဖွဲ့သည် အေးချမ်းသာယာရပ်ကွက်ရှိ ပါတီဝင်များနှင့် နိုဝင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံခဲ့ရာတွင် မြို့နယ်ပါတီဥက္ကဌမှ ပါတီဗဟိုညီလာခံအတွေ့အကြုံ မိမတို့ပါတီပြုပြင်ပြောင်းလဲမှု မြို့နယ် ပါတီလှုပ်ရှားဆောင်ရွှက်နေမှု၊ တိုင်းဒေသကြီးပါတီဥက္ကဌ၏ လမ်းညွန်မှာကြားချက်များ မြေပြင်ပါတီဝင်များ စုစည်းရရှိစေရေး မိမိတို့အားဝန်းရံအားပေးထောက်ခံသူများ ပါတီအမာခံများအား စုစည်းထားနိုင်ရေး PR စနစ် အကြောင်းတို့အား အကျယ်တဝင့်ရှင်းလင်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်ခရိုင် တွေ့ဆုံပွဲပြုလုပ်

ရန်ကုန် နို၀င်ဘာလ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်မှ ခရိုင်ပါတီအဖွဲ့နှင့် မြို့နယ်ပါတီ အဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လည် ( ၀၂:၀၀ ) ခန့်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းမှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပါတီဝင်တစ်ဦးချင်းစီတိုင်း ဆောင်ရွက်နိုင်စေရန်အတွက် လမ်းညွှန် မှာကြားခဲ့သည်။

တွံတေးခရိုင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀)အချိန်က ဒလမြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းက ပါတီဝင်အင်အားစီစစ်၍ မြေပုံ​ရေးဆွဲနိုင်ရေးနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥက္ကဌမှ စည်းရုံးဆောင်ရွက်ရမည့် ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်နယ်ဥက္ကဋ္ဌတက်ရောက်

မြစ်ကြီးနား နိုဝင်ဘာ ၁၅

မြစ်ကြီးနားခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော့မတီဝင်များ တွေ့ဆုံ၍ ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်  ရေးဆွေးနွေးပွဲသို့ ပြည်နယ်ပါတီဥက္ကဌ တက်ရောက်၍ ပါတီမှ ရေးဆွဲ ချမှတ်ထားသော ရက် ၉၀ စီမံချက်အား အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ပါတီဝင်အင်အား တိုးတက်ရရှိရေး နှင့် အင်အားစာရင်းများမှန်ကန်ရေး၊ ပါတီလုပ်ငန်းစိစစ်ရေးနှင့် ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအား လိုက်နာဆောင်ရွက်ရေး၊ ပါတီဥက္ကဋ္ဌ လမ်းညွှန်ထားသော ရပ်ဝန်း ၈ ခုအား အောင်မြင်စွာ အကောင်အထည်ဖော်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပါသည်။

ခရိုင်နှင့်မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျောင်းကုန်း နိုဝင်ဘာ ၁၅

ကျုံပျော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်ကြိုင်သည် ကော်မတီဝင်များလိုက်ပါ၍ ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်တွင် ကျောင်းကုန်းမြိူ့နယ်ပါတီရုံးခန်းမတွင် မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီဗဟိုဥက္ကဌကြီး၏ ရက် (၉၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေးရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းနှင့်ရက်(၉၀)စီမံချက် ခရိုင်ချုပ်အောင်နိုင်ရေး အစီအမံများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စများကို တက်ရောက်လာသည့် ကော်မတီအဖွဲ့များ နှင့် အပြန်အလှန်ဆွေးနွေးညှိနိုင်းပြီး (၁၁:၅၅)အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေး

လှည်းကူး နိုဝင်ဘာ ၁၅

လှည်းကူးခရိုင် ၊ ဒါးပိန်ဒေသ(၁၀)ရွာ မှ  ရပ်ကျေးပါတီဝင်များ၊ လူငယ် အမျိုးသမီးရေးရာ အဖွဲ့များနှင့် တွေဆုံပွဲကို

ပါတီရုံး၌ တွေ့ဆုံပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်  အသွင်သစ်ဆက်ဆံရေးမှ အောင်နိုင်ရေး ပန်းတိုင်ဆီသို့ ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ လှည်းကူး မီဒီယာ