ပြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ငွေပဒေသာပင်ဆပ်ကပ် လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်း

အောက်တိုဘာ ၁၂၊ ပြည်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ​မှော်ဇာအုပ်စု၊ တောင်လုံးညိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၁၁-၁၀-၂၀၂၂ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်၌ ငွေပဒေသာပင် ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ငွေပဒေသာပင်ဆပ်ကပ်လှူဒါန်းခြင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တတိယအကြိမ် ပါတီဗဟိုညီလာခံအား ကြိုဆိုဂုဏ်ပြုသာအားဖြင့် ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အဟာရ လှူဒါန်း

တိုက်ကြီးစက်တင်ဘာ ၂၉

ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ် ပါတီဗဟိုညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်ကာ မြို့နယ်ကော်မတီဝင် အမျိးသမီးရေးရာ ခေါင်းဆောင် ဒေါ်မြင့်မြင့်အေး၊ဒုခေါင်းဆောင် ဒေါ်သီတာခိုင်တို့အဖွဲ့က ယနေ့နံနက် ၁၀ နာရီ အချိန်၊ ဥက္ကံမြို့ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တစ်နေ့တာအာဟာရအလှူ လှူဒါန်းခဲ့ကြပါသည်။

တတိယအကြိမ်ပါတီညီလာခံအားကြိုဆိုသော အားဖြင့် သန့်ရှင်းရေးပြုလုပ်

မင်းလှ စက်တင်ဘာ ၂၉

တတိယအကြိမ် ပါတီညီလာခံအား ဂုဏ်ပြုသောအားဖြင့် မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြောက်ဘက်တန်း လမ်းရှိ မိဂဒါဝုန်ဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်ခဲ့ကြပါသည်။


ပါတီညီလာခံအား ကြိုဆိုသောအားဖြင့် သန်ရှင်းရေးပြုလုပ်

ကျိင်းတုံ စက်တင်ဘာ ၂၉

တတိယအကြိမ်ဗဟိုပါတီညီလာခံအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိင်းတုံမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့၏ ဦးဆောင်မှူဖြင့် မြို့နယ်ပါတီကော်မတီဝင်များ အမျိးသမီးရေးရာအဖွဲ့ဝင်များတို့က မြို့နယ်ပါတီ ရုံးတွင်းရုံးပြင်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ပြည်ခိုင်ဖြိုးပါတီ မင်္ဂလာတောင်ညွန့် မြို့နယ်မှအ.မ.က(၄) ကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်။ ။စက်တင်ဘာ(၂၇)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥယျဉ်ရပ်ကွက် အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား/သူများ၏ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို စက်တင်ဘာ(၂၇)ရက်နေ့ ညနေ( ၂:၃၀)  နာရီအချိန် မှ (၃:၃၀)အချိန်ထိ ဆောင်ရွက်ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မန္တလေး-စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တံတားဦးခရိုင်ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူ၊ ဦးတင့်လွင်ဦး၊ ဒေါ်ဝါဝါလှိင်တိုမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ကြပါသည်။

မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးပါတီ အ.မ.က(၅)ကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်။ ။စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သိမ်ဖြူမီးရထားရပ်ကွပ်အ.မ.က(၅)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများ၏ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို စက်တင်ဘာ(၂၆) ရက်နေ့ ညနေ( ၃:၃၀)  နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါခြင်ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုများကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးတင်ရှိန် ဦးဆောင်၍ မြို့နယ်ကော်မတီဝင် ဦးဗိုလ်ဗိုလ်ခင်မောင်တင့်နှင့် အမာခံပါတီဝင်များဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မန္တလေး-စက်တင်ဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်မြေသာစံခရိုင်ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနား အား ယနေ့နံနက်(၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမျိးမြင့်၊ ဦးအောင်နိုင်ဦး၊ ဦးသန်းစိုးမြင့်တိုမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ကြပါသည်။

မြဝတီမြိုနယ်၊ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ပါတီဥက္ကဌ နှင့် ပါတီကော်မတီဝင်များရွေးချယ်ပွဲ ကျင်းပပြုလုပ်

ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်ရပ်ကျေးစည်းမှူးများ ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ (၂၅.၉.၂၀၂၂)နေ့တွင် မြဝတီပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပြီး အသင်းဘဝမှ ယနေ့အထိ လက်တွဲလုပ်ကိုင် နေကြသော ပါတီဝင်များနှင့် တွေ့ဆုံ၍ဂုဏ်ပြု မိတ်ဆုံစားပွဲပြုလုပ်ခဲ့ပါသည်။


ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီက မဟာအံ့ထူးကံသာဘုရားကြီးတွင် သန်ရှင်းရေးပြုလုပ်ကုသိုလ်ယူ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီဝင်များသည် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်တွင် မဟာအံ့ထူးကံသာဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ် ကုသိုလ်ယူခဲ့ကြောင်းသိရသည်။