17.11.2022. နံနက် ၉ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ ဂုဏ်ပြုပွဲ အခမ်းအနား နှင့် ဇာတိသွေး ၊ ဇာတိမာန် တက်ကြွရေး ဆွေးနွေးပွဲ စကားဝိုင်းကျင်းပခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးပါတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
ပဲခူး နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲနှင့် သုံးလတာ ရက် ၉၀ စီမံကိန်း ရာနှုန်းပြည့်အောင်နိုင်ရေးအစည်းအဝေးပွဲအား နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရွှေမော်ဓောဘုရားရှိ တိုင်းပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်း၊ တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင်နှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများတက်ရောက်ခဲ့ပါသည်။
လှည်းကူးခရိုင်၊ အင်းတိုင်ဒေသ အောင်နိုင်ရေးနယ်မြေ စည်းရုံးရေးကွင်းဆင်း ခြင်း
ရန်ကုန်၊ နိုဝင်ဘာ၊ ၁၇
လှည်းကူးခရိုင်ပါတီ ဥက္ကဌ ဦးအောင်မျိုးနိုင်မှ ဦးဆောင်ကာ ခရိုင်လူငယ်နှင့်အမျိုးသမီးရေးရာတို့မှ လူငယ်ကဏ္ဍအသွင်သစ်နှင့်စည်းရုံးရေး ခေါင်းစဉ်ဖြင့်အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ တွေဆုံပွဲကို အင်းတိုင်ဒေသ ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးများ၊အမျိုးသမီး/ လူငယ် ရေးရာအဖွဲ့များ ဒေသခံများတက်ရောက်ကာ ဆွေးနွေးပွဲကို နံနက်(၉:၀၀) မှစတင်ကာ နေ့လည် (၁၂:၀၀) နာရီ အချိန်တွင် အောင်မြင်အေးချမ်းစွာ ရုတ်သိမ်းခဲ့ပါသည်။
ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီကွင်းဆင်းဆောင်ရွက်ဆွေးနွေး
ဝေါ နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးမောင်ယုနှင့် မြို့နယ်ကော်မတီဝင်များသည်နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကြာလဟာကျေးရွာရှိပါတီဝင်များ ပါတီအားဝန်းရံသူများနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံခဲ့ရာတွင် ပါတီ၏ပြုပြင်ပြောင်းလဲမှုအခြေနေများ တိုင်း ၊ ခရိုင်၊ မြို့နယ်ပါတီ၏ လုပ်ဆောင်နေသော လုပ်ငန်းစဥ်များ ပါတီ၏ စုဖွဲ့ထားရမည့်အခြေနေ မြေပြင်စာရင်းမှန်ကန်စွာပြုစုထားရှိရန် ရေးရာကဏ္ဍများအား စုဖွဲ့ထားရှိရန်၊ PRစနစ်အကြောင်း၊ မြေပြင်အမှန်ပါတီဝင်စာရင်းအမှန်ပြုစုထားရှိရန် စသည်တို့ကို ရှင်းလင်း တင်ပြခဲ့သည်။ ရှင်းလင်းချက်များအပေါ်ရပ်ကျေး/ ပါတီဝင်များမှပါတီ၏ လုပ်ငန်းကိစ္စရပ်များ လုပ်ဆောင် နေမှုများအား ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ အကြံပြုခြင်းတို့အားဆွေးနွေးတင်ပြခဲ့ကြသည်။ တင်ပြချက်များ အပေါ် မြို့နယ်ပါတီတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုံခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုံခရိုင်မှ ဦးစီး၍ ခရိုင်အတွင်းရှိ လူငယ်တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို အလုံမြို့နယ် ပါတီရုံးတွင် ယနေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်တံခါးမြို့နယ်ပါတီ အောင်မြင်ဒေသရှိပါတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ
ကျောက်တံခါး နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌနှင့် မြို့နယ်ပါတီတာဝန်ရှိသူများနှင့် ဒေသပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက အောင်မြင်မြို့ အောင်မြင်ဒေသရှိ ကျေးရွာအုပ်စု ၇ ခုရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ပါတီတာဝန်ရှိသူများ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ ပါတီ၏ရှေ့လုပ်ငန်းစဥ်များအားတွေ့ဆုံဆွေးနွေးခဲ့သည်။
နယ်မြေကွင်းဆင်း၍ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ဘုရားထီးတင်ပွဲသို့ တက်ရောက်ကြည်ညို
လားရှိုး နိုဝင်ဘာ ၁၇
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇) ရက်နေ့နံနက်(၇) နာရီ မိနစ်(၃၀)တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း၊ ပြည်နယ်ပါတီဝင်ဦးကျော်ဇောဝင်း၊ ပြည်နယ်ပါတီဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပါတီအတွင်းရေးမှူး ဦးလျိုမောင်မောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်ပါတီဝင်များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အောင်သစ္စာရပ်ကွက်၊ မဟာဝိဇယာရာမကျောင်းတိုက်အတွင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ ဝိုင်းဝန်းလှူဒါန်းပူဇော် တည်ထားကိုးကွယ်ထားသော ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးထီးတော်တင် ဆပ်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညိုပြီး လှူဒါန်းဖွယ်ရာများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ဘာသာ သာသနာအတွက် လိုအပ်သည်များကို မိန့်ကြားပါရန် ဆရာတော်အရှင်မြတ်များ အား လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။
အမျိုးသားနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
ဘိုကလေး နိုဝင်ဘာ ၁၇
ယနေ့ကျရောက်သည့် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နံနက်(၉:၃၀)အချိန်တွင် ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဟောပြောပွဲကျင်းပခဲ့ပြီး ပါတီဥက္ကဌ ဦးလှဌေးမှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် ဝါရင့်နိုင်ငံရေးသမား ဒေါ်မြကြည်မှ အမျိုးသားနေ့ဖြစ်ပေါ်လာရသည့်သမိုင်းကြောင်းအား ဆွေးနွေးဟောပြောခဲ့ပြီး YMBA အဖွဲ့ဝင် ဦးတင်မောင်ထွေးမှ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးအကြောင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။ ပြည်ခိုင်ဖြိုးပါတီ အရန်မြို့နယ်ကော်မတီဝင် လူငယ်ဒုခေါင်းဆောင် ဦးဝင်းဇော်ဦးမှ အမျိုးသားရေးနှင့်ပတ်သက်သည့် ပါတီ၏မူဝါဒ၊ လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး နေ့လည်၁၁နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။ တက်ရောက်အင်အားမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင် ၁၁ဦး၊ ရပ်ကျေးပါတီဥက္ကဌ ၂၄ဦး၊ စစ်မှုထမ်းဟောင်းမြို့နယ်ဥက္ကဌ၅ဦး၊ တစညမြို့နယ်ကော်မတီဝင် ၄ဦး၊ အမျိုးသားရေး အင်အားစု ၁၂ဦး စုစုပေါင်း ၅၆ ဦး တက်ရောက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သင်္ကန်းကျွန်းခရိုင်အတွင်းရှိ အကူအညီလိုအပ်နေသော ပါတီဝင်များအား ထောက်ပံ့
ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သင်္ကန်းကျွန်းခရိုင် ဥက္ကဌ ဦးကျော်သီဟနှင့် ကော်မတီဝင်များများမှ ယနေ့နေ့လည်ပိုင်းက သင်္ကန်းကျွန်းခရိုင်အတွင်းရှိ အကူအညီလိုအပ်နေသော ပါတီဝင် မိသားစုများအား ဆန်အိတ်များ သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။