ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ရပ်ကျေးပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

ဖြူး နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌနှင့် အဖွဲ့သည် ရပ်ကွက်/ကျေးရွာ ပါတီတာဝန်ရှိသူများအားကျေးရွာအရောက်နယ်မြေကွင်းဆင်း၍ နိုဝင်ဘာလ ၁၃ ရက် နေ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ မြို့နယ်အတွင်းရှိ ရပ်ကျေးပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး

ပဲခူး နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးမင်းခန့်ကျော်နှင့် ခရိုင်ဘဏ္ဍာရေးမှူး မြို့နယ်ပါတီကော်မတီဝင်များ နယ်မြေတာဝန်ခံများလိုက်ပါလျှက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပဲခူးမြို့နယ်အစပ်ရှိ ဇောင်းတူအုပ်စု၊ အဆိပ်တောင်အုပ်စု၊ သံစို့ပင်ကျေးရွာအုပ်စုများသို့ နယ်မြေကွင်းဆင်း၍ ကျေးရွာအုပ်စုများရှိ ပါတီတာဝန်ရှိသူများ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။

နယ်မြေတာဝန်ခံပြည်နယ်ကော်မတီဝင်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ရပ်စောက် နိုဝင်ဘာ ၁၃

ရှမ်း​ပြည်နယ် (တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဉီးအောင်ကျော်ညွန့် နှင့် ရပ်စောက် မြို့နယ် ပါတီကော်မတီ လုပ်ငန်းညှိနိူင်းအစည်းအဝေးကို (၁၃.၁၁.၂၀၂၂)ရက်နေ့ နံနက် (၁၀း၀၀) နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် (၂၀၂၃) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည် ဖေါ်နိုင်ရေးနှင့်ရက် ၉၀ စီမံချက်အား အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ညှိနိူင်း ဆွေးနွေးခဲ့ကြပါသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်အုပ်စု ဆင်တဲကြီးကျေးရွာ ပါတီဆိုင်းပုဒ်တင်ပွဲနှင့်လူထုတွေ့ဆုံပွဲကျင်းပ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်အုပ်စု ဆင်တဲကြီးကျေးရွာ ပါတီဆိုင်းပုဒ်တင်ပွဲနှင့်လူထုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ခေတ္တပါတီ

ဥက္ကဌ ဦးလှဆွေ၊ ပါတီအတွင်းရေးမှူး ဦးဝင်းဌေးနှင့် ကော်မတီဝင်များ၊ ခရိုင်ဥက္ကဌနှင့် မြို့နယ်ဥက္ကဌ ဒေါ်ခိုင်ခိုင်ထွေး၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီစည်းရုံးရေးတာဝန်ခံများနှင့် ပါတီသို့ အသစ်ဝင်ရောက်လာသော ပါတီဝင်အသစ် (၁၅၉)ဦး အား ပါတီဝင်ကဒ်များ  ပေးအပ်ခြင်းအခမ်းအနားအား အင်အား (၃၀၀)ခန့်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး မှ တိုင်းအတွင်းရှိ ပေါက်ခေါင်းမြို့နယ် သို့ ကွင်းဆင်းဆောင်ရွက်

ပဲခူး(အနောက်)၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်အတူ ပေါက်ခေါင်းမြို့နယ်သို့ ကွင်းဆင်းပြီး ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံမှုအား ဆောင်ရွက်ခဲ့ပါသည်။

ရှမ်းပြည်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် နံနက် (၁၁)နာရီ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုမှ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာနေ့လည် (၁)နာရီ အချိန်တွင် ပြီးစီးခဲ့ပါသည်။


အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးစကားဝိုင်း သို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း တက်ရောက်

သာစည် နိုဝင်ဘာ ၁၄

သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တွေ့ဆုံပွဲစကားဝိုင်း ကျင်းပ​ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံစကားဝိုင်းသို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ခရိုင်ဥက္ကဌ/အတွင်းရေးမှူး၊ နယ်မြေတာဝန်ခံနှင့် ကော်မတီဝင်များ၊ အမျိုးသမီးပါတီဝင်များ တက်ရောက်ခဲ့ပြီး အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

 


မဟာအောင်မြေခရိုင် ၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲပြုလုပ်

မဟာအောင်မြေခရိုင် ၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲကို (၁၃.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ … တိုင်း အမျိုးသမီးတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ဗဟိုကော်မတီဝင် ဒေါ်လှလှအေး  တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ ဦးမျိုးမြင့်၊  ဒေါ်ဝါဝါလှိုင်၊ မဟာအောင်မြေ ခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှူး ဦးဝင်းလှိုင်ငြိမ်း၊ ဘဏ္ဍာရေးမှူး ဦးသန်းစိုး၊ ခရိုင်ကော်မတီဝင် ဒေါက်တာမြင့်မြင့်ဌေး၊ ဦးစံရ၊  မြို့နယ်ဥက္ကဌ ဦးစိုးအေး နှင့် မြို့နယ်ကော်မတီဝင်များ ၊ အမျိုးသမီးရေးရာ ကဏ္ဍတာဝန်ခံနှင့် ပါတီဝင်အမျိုးသမီးများ တက်ရောက်ခဲ့ကြပြီး “အမျိုးသမီးနှင့် နိုင်ငံရေး၊ အမျိုးသမီး နှင့် ဥပဒေ ” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲစကားဝိုင်း ကျင်းပခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခြင်း

ကမာရွတ် နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ပါတီ‌ကော်မတီဝင်များနှင့် ရပ်ကွက်ပါတီ‌ကော်မတီဝင်များ ‌တွေ့ဆုံပွဲအခမ်းအနားကို ကမာရွတ်မြို့နယ်ပါတီရုံးတွင်  (၁၃၊၁၁၊၂၀၂၂)ရက် နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့  ကမာရွတ်ခရိုင် ပါတီဥက္ကဌ ဒေါ်သီသီမွန်၊ ကမာရွတ်ခရိုင်ပါတီ အတွင်းရေးမှူး ဦရန်နိုင်သန်း နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကမာရွတ်မြိုနယ်ပါတီကော်မတီဝင်များ နှင့် ရပ်ကွက်( ၁၀ ) ရပ် ကွက်မှပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးများ ပါတီ‌ေကာ်မတီဝင်များတက်ရောက်ခဲ့ကြပါသည်၊

မင်္ဂလာဒုံခရိုင်ပြည်ခိုင်ဖြိုးပါတီ၊ တိုင်း/ ခရိုင်နှင့်မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာဘာ ၁၃

မင်္ဂလာဒုံခရိုင်ပါတီရုံးအစည်းဝေးခန်းမ၌ ဗဟိုနှင့်တိုင်းကော်မတီဝင်၊ ခရိုင်နယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်း၊ ခရိုင်ပါတီ ဥက္ကဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီဘဏ္ဍာရေးမှုး ဦးထွန်းထွန်းဦး ခရိုင်ပါတီကော်မတီဝင်များနှင့် မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေးအားနေ့လည်(၁၃:၀၀ မှ ညနေ၁၅:၃၀)နာရီအချိန်အထိ ပြုလုပ်ကျင်းပခဲ့ပါသည်။