
ပဲခူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီ၏ တိုင်းဒေသကြီး ပါတီဥက္ကဌဦးရဲမြင့်ထွန်းဦးဆောင်သောအဖွဲသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ တောင်ငူခရိုင် အတွင်းရှိ တောင်ငူမြို့နယ် ၊ ဖြူးမြို့နယ်ရှိ မြို့နယ်ပါတီဥက္ကဌများ/ မြို့နယ်ပါတီအတွင်းရေးမှူးများ၊ မြို့နယ် ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့သည်။ မွန်းလွဲပိုင်းတွင် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်တံခါးမြို့နယ်ပါတီရုံးနှင့် ညောင်လေးပင်မြို့နယ်ပါတီရုံးတို့တွင် မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။













