ကျောက်တံခါး နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌနှင့် မြို့နယ်ပါတီတာဝန်ရှိသူများနှင့် ဒေသပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက အောင်မြင်မြို့ အောင်မြင်ဒေသရှိ ကျေးရွာအုပ်စု ၇ ခုရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ပါတီတာဝန်ရှိသူများ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ ပါတီ၏ရှေ့လုပ်ငန်းစဥ်များအားတွေ့ဆုံဆွေးနွေးခဲ့သည်။