


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မိတ်ဆွေများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်
=====================
သြဂုတ် ၁၉၊ ရန်ကုန်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မိတ်ဆွေများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်
=====================
သြဂုတ် ၁၉၊ ရန်ကုန်


ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းနှင့် တိုင်းပါတီတာဝန်ရှိသူများဝမ်းတွင်းမြို့နယ် ပါတီဝင်များ၊ပါတီဝင်မိသားစုများနှင့်တွေ့ဆုံ
============================
ဝမ်းတွင်း ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပါတီဝင်များ၊ပါတီဝင်မိသားစုများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများ၊ပါတီဝင်များ၊ပါတီဝင်မိသားစုများတက်ရောက်ခဲ့ကြပါသည်။

မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သောမြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းတက်ရောက်
=============================
မိတ္ထီလာ ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မြို့ နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော် မတီဝင်များ၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ၊ မိတ္ထီလာမြို့နယ်ပါတီဥက္ကဌ နှင့်ကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဌများ၊တက်ရောက်ခဲ့ကြပါသည်။


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမား ရေးရာတာဝန်ခံ ဦးမောင်မြင့် လှိိုင်သာယာ မြို့နယ်ရှိ SHIAN စက်ရုံအလုပ်သမား များ နှင့်တွေ့ဆုံ
========================
လှိုင်သာယာ သြဂုတ် ၁၈
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမား ရေးရာ တာဝန်ခံ ဦးမောင်မြင့်သည်ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးသန်းမြင့်၊ဦးနေဝင်း၊ အင်းစိန်ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူထွန်း၊ လှိုင်သာယာ(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌ ဦးကြည်စိုး၊ လှိုင်သာယာ(အနောက်ပိုင်း)ပါတီဥက္ကဋ္ဌ ဦးမင်းမင်းတို့လိုက်ပါ လျက်ယနေ့ဩဂုတ်လ(၁၈)ရက်နေ့တွင် လှိုင်သာယာမြို့နယ် SHIAN စက်ရုံအလုပ်သမား များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အလုပ်သမားများ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြား၍ စက်ရုံဝန်ထမ်းများအား ဘုရားဆင်းတုတော် အဆူ(၂၀) လှူဒါန်းခဲ့ပါသည်။


ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းသာစည် မြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်
============================
သာစည် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့်တိုင်းကော်မတီ ဝင်များ၊ ဦးအောင်နိူင်ဦး၊ဦးရွှေနန်း၊ဦးကျော်စန်း၊မိတ္ထီလာခရိုင်ပါတီဥက္ကဋ္ဌနှင့်ခရိုင်ပါတီကော်မတီဝင်များ၊သာစည်မြို့နယ်ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။


ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်း ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှထူးချွန် ကျောင်းသား/ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်
=========================
ရပ်စောက် ဩဂုတ် ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်မြင့်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးအောင်ကျော်ညွန့်၊ တောင်ကြီးခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်အတူဩဂုတ်လ (၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရသဝတီခန်းမတွင်ပြုလုပ်ကျင်းပသည့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။





ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီဝင်အသစ် (၁၀၆၀၇)ဦး၏ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
==============
ဩဂုတ် ၁၅၊ ရန်ကုန်




နိုင်ငံရေးပါတီများ စုပေါင်းပြီး “ရွေးကောက်ပွဲသည် ပြည်သူ့အတွက်” ခေါင်းစဥ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
=============
သြဂုတ် ၁၄၊ ရန်ကုန်


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းသည် မုန်ပင်ဆည်ဆရာတော် ဦးဝိနိယနှင့်ကန်သာအေးကျောင်းဆရာတော် ဦးကုဏ္ဍလတို့ထံသို့ သွားရောက်ဖူးမျှော်ပြီး ဝတ္ထုငွေဆက်ကပ်လှုဒါန်းမှုနှင့်မုန်ပင်ဆည် ဘကကျောင်းမှ ကျောင်းသား/သူများအား ပညာ ရေးအကြောင်း ဟောပြော
========================
မိတ္ထီလာ ဩဂုတ် ၁၁

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့်တိုင်းပါတီတာဝန်ရှိသူများ အမရပူရမြို့နယ်၊ယဉ်တော်စံကျေး ရွာရပ်မိ ရပ်ဖများ၊ဝါရင့်ပါတီဝင်များနှင့် တွေ့ဆုံ
======================
အမရပူရ ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ဓနူံးကျေးရွာအုပ်စု၊ယဉ်တော်စံကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အမရပူရခရိုင်/မြို့နယ်ပါတီဥက္က၊ခရိုင်ပါတီအတွင်းရေးမှူး၊မြို့နယ်ပါတီအတွင်းရေးမှူးတို့မှ ယဉ်တော်စံကျေး ရွာရှိ ရပ်မိရပ်ဖများ၊ဝါရင့်ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် လက်ရှိနိုင်ငံရေး အခြေအ နေများ၊နယ်မြေဒေသအခြေအနေများ၊ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။