အမေရိကန် အဆိုတော် တေလာဆွစ်ဖ် (၂၆)နှစ်နှင့်စကော့တလန် ဒီဂျေကေဗင်ဟားရစ် (၃၂)နှစ်တို့ လမ်းခွဲလိုက်ကြကြောင်း ယင်းကိစ္စကို သိထားသည့် သတင်းရင်းမြစ်တစ်ခုက USA TODAY သတင်းသို့ အတည်ပြုပြောကြားသည်။
သို့သော် ၎င်းတို့နှစ်ဦးလမ်းခွဲကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ တေလာဆွစ်ဖ်နှင့် ကေဗင်ဟားရစ်တို့သည် (၁၅) လခန့် ချစ်ကြိုက်ခဲ့ကြသည်။ ပြီးခဲ့သည့်မတ်လအတွင်း ချစ်သူသက်တမ်း တစ်နှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်ခဲ့ပြီး ခရီးထွက်နေပုံများကို Instagram တွင် ဖော်ပြခဲ့သည်။