နည်းလမ်း ၁ ကတော့ ကြက်ဥအနှစ်၊ ဗီနီဂါ ရှာလကာရည် သို့ သံပုရာရည်တို့ ရောစပ်ထားတဲ့ Mayonnaise သုံးစွဲတာပါ။ Mayonnaise ထဲကိုကြိုက်ရာ ဆေးဖက်ဝင်သဘာဝပစ္စည်းတွေ (ဥပမာ-ပျားရည်လို)လဲ ထပ်ထည့် လို့ရပါတယ်။ အဲဒီ Mayonnaise အနှစ်ရည်ကို မျက်နှာပေါ် လိမ်းပေးတာပါပဲ။ ရေမချိုးခင် Mayonnaise စတီးဇွန်း တစ်ဇွန်းစာလောက်လိမ်းပြီး မိနစ် ၂၀ လောက်ထားလိုက်ပါ။ ရေချိုးခါနီးတိုင်း မငြီးမငွေ့ လုပ်ကြည့် ရမှာပေါ့နော်။ ဒီနေ့နက်ဖြန် မသိသာသလိုနဲ့ တဖြည်းဖြည်း ချွေးပေါက်တွေ ကျဉ်းလာမှာပါတဲ့။ အရမ်း အဆီပြန်တဲ့သူတွေအတွက်တော့ သိပ်မထိရောက်ဘူးလို့လဲ ပြောထားပါတယ်။













