
သက်စောင်သမားတော်ဂျာနယ် လူနှင့်တိရိစ္ဆာန်တို့ကို အသက်သေသည်အထိ အန္တရာယ်ပြုနိုင်သော ကိုက်တတ် သည့် မြွေများအနက်အများဆုံးမှာ မြွေပွေးမြွေဟောက်ဖြစ်လေ့ရှိသည်။ ထိုမြွေပွေးမြွေဟောက် အကိုက်ခံရသည် မှာလည်း မြို့ရွာအတွင်းထက် တောထဲတောင်ထဲမှာ အကိုက်ခံရများလေ့ရှိသည်။ တောတောင်အတွင်း မြွေပွေး မြွေဟောက် အကိုက်ခံရပါက ဆေးရုံဆေးခန်း ရှိရာသို့ပို့ ဆောင်ရန် ချက်ချင်းမလွယ်ကိုနိုင်သော်လည်း မြွေဆိပ် တို့မှာမူ လျင်မြန်စွာပျံ့နှံ့တတ်သဖြင့် လက်ဦးမှုယူ၍ လျင်မြန်စွာ ကုသရန်လိုပါသည်။








