ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့အခါ ဘာကိုမှ အာရုံမစိုက်နိုင်တော့သလို အလုပ်တစ်ခုခုကို ဆက်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒီလို ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့အခါ ဘယ်လိုနည်းလမ်းမျိုးလေးတွေက ခေါင်းကိုက်ဝေဒနာကို သက်သာစေမလဲဆိုတာ ကြည့်ကြည့်ရအောင်။
ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရော ဂါကို ကာကွယ် ကြစို့
ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆိုထားသည်။ မြန်မာ့ ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်းသည် ဆေးတစ်ခွက်ဖြစ်သည်ဟု ဆိုလျှင်မှားမည်မထင်ပေ။ ယနေ့ သုတေသန ပြုလုပ်မှုအရ လေဖြတ်မှု အန္တရာယ်ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။
မြင်းခွာရွက်ဖြင့် ကုသပျောက်ကင်းစေသော ဝေဒနာများ
မြင်းခွာရွက်ကသင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေတာကို သိပြီးသားဖြစ်မှာပါ။ မြင်းခွာရွက် ကို တစ်နေ့ (၃) ရွက်လောက် စားပေးခြင်းဖြင့် နုပျိုနေစေပြီး လိင်ကိစ္စမှာပါ အစွမ်းတက်စေပါတယ်။ မြင်းခွာရွက်ကို အရွက်သုပ်အဖြစ်၊ တို့စရာအဖြစ် စားတာအပြင် အရည်ညှစ်ပြီးလည်း သုံးနိုင်ပါသေးတယ်။
စပျစ်သီး ဖျော်ရည် က ဦးနှောက်အတွက် ဘယ်လိုအကျိုးသက်ရောက်မှု ပေးနိုင်လဲဆိုတာ…
စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရ ဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါ တယ်။ လတ်တလော လေ့လာမှုတွေ အရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
အာလူးဖျော်ရည်က အစာမကြေရောဂါကို ပျောက်ကင်းစေနိုင်
အာလူးဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းအားဖြင့် အစာမကြေရောဂါကို သက်သာ ပျောက်ကင်းစေနိုင်သည်ဟု လေ့လာဆန်းစစ်မှု အသစ်တွင် ဖော်ပြခဲ့ကြောင်းသိရသည်။ အာလူးဖျော်ရည် ရက်သတ္တပတ်ကြာ သောက်သုံးပြီး နောက် နာတာရှည် အစာမကြေ ရောဂါခံစားနေရသူ ဆယ်ဦးတွင် ရှစ်ဦးမှာ အကျိုးကျေးဇူး ခံစားရကြောင်း သိရသည်။
အစွမ်းထက်မြက် ဒန့်ဒလွန်ရွက်
နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်ဒလွန်ရွက်ကိုစား။ ဒန့်ဒလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုးဖြစ် ပါတယ်။ အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာ ရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်း မြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။
ဒိန်ချဉ် စားသုံးခြင်းသည် ဆီးချိုရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်
ဒိန်ချဉ်နှင့် အဆီဓာတ်ပါဝင်မှု နည်းသော ဒိန်ခဲများကို စားသုံးခြင်းသည် ၎င်းအစားအစာကို လုံးဝ မစားသုံးခြင်း နှင့် နှိုင်းယှဉ်ပါက ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကို လေးပုံတစ်ပုံ ခန့် လျှော့ချပေးနိုင်ကြောင်း၊ ဗြိတိန်နိုင်ငံသား ၃၅ဝဝ ကို လေ့လာမှု ပြုလုပ်ခဲ့သည့် သုတေသီများ၏ ပြောကြားချက်အရ သိရကြောင်း အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
လေဖြတ်ခြင်းကိုကာကွယ်ဖို့  ငှက်ပျောသီး စားကြပါစို့ ….
ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။ သွေဖိအား မြင့်မားတာ (သွေးတိုးတာ) ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီးများများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
ဝက်သက်ရောဂါနဲ့ပတ်သက်ပြီး သင်သိသင့်တဲ့ အချက် (၆) ချက်
ဝက်သက်နဲ့ပတ်သက်လို့ သိသင့်တဲ့အချက် (၆) ချက်ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်-
(၁) ၀က်သက်ရဲ့ လက္ခဏာ။ အစပိုင်းမှာ အဖျားက ပြင်းထန်ပါတယ်။ ကလေးကမှိန်းလည်းမှိန်းပါတယ်။ နှာရည်ယို မျက်ရည်ကျပြီး မျက်လုံးတွေ နီပါတယ်။ ဖျားပြီးလေး၊ ငါးရက်ကြာမှ နဖူးဆံစကစပြီး အနီကွက်တွေထွက်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့် သွားကာ ပြန့်တဲ့အချိန်မှာလည်း အဖျားက မကျသေးဘူး။ ပါးစပ်အာခေါင်မှာ အဖြူ စက်လေးတွေ ထွက်ပါတယ်။
ဝမ်းနည်းအားငယ်နေချိန်မှာ စားသင့်တဲ့အရာ (၅) မျိုး
ဘ၀မှာ ပျော်စရာတွေနဲ့ ကြုံလာတော့ ပျော်လိုက်ရသလို စိတ်ညစ်စရာတွေနဲ့ကြုံလာရင်းလည်း ဝမ်းနည်းအားငယ် ရတာပါပဲ။ ဒီလိုမျိုး ဝမ်းနည်းအားငယ်ချိန်တွေဟာ သိပ်ကို အထီးကျန်ဆန်လွန်းပါတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ ချင်၊ ဘာမှမလုပ်ချင်ဘဲ အိပ်ရာထဲမှာ ခွေရုံခွေနေချင်တဲ့ အချိန်တွေပါ။ အဲ့ဒီလိုကြီး ခွေခေါက်မနေပါနဲ့။ ဝမ်းနည်း အားငယ်မှုတွေကို အစားနဲ့တိုက်ထုတ်ပြီး လန်းလန်းဆန်းဆန်း ဖြတ်သန်းလိုက်ပါ။