ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဟွိုက်လန်း အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာဖွယ်ရှိ

မတ် ၇

မန်ယူအသင်းနဲ့ ဒိန်းမတ်လက်ရွေးစင်းအသင်းရဲ့ တိုက်စစ်ကစားသမား ဟွိုက်လန်းဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး ယခုအခါ ဒဏ်ရာပြန်လည် သက်သာလာပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ် လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီအချိန်တွင် မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်၌ ပြန်လည် ပါဝင်လာဖွယ်ရှိပါတယ်။

Read more

လီဗာပူးလ် – မန်စီးတီးပွဲအတွက် လုံခြုံရေးတိုးမြှင့်ရန် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ စီစဉ်

March 7, 2024

မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ဟာ လာမယ့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ် – မန်စီးတီးပွဲအတွက် လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေကြောင်း သိရပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား၏ ပထမနှင့် ဒုတိယနေရာ၌ ရပ်တည်နေသော လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည ၁၀:၁၅ နာရီအချိန်တွင် အန်ဖီးလ်ကွင်း၌ ထိပ်တိုက်ရင်ဆိုင်ကြရမည်ဖြစ်၍ ယင်းပွဲအတွက် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Read more

ထောင်နှင့်ချီသော ကိုရီးယားဆရာဝန်များ ဆေးကုသခွင့် လိုင်စင်များဆိုင်းငံ့ခံရ

မတ် ၆

တောင်ကိုရီးယား အစိုးရက အလုပ်မဆင်းပဲ ဆန္ဒပြသည့် ထောင်နှင့်ချီသော ဆရာဝန်များ လိုင်စင်ပိတ်သိမ်းနေကြောင်းသိရသည်။

အစိုးရ၏ ဆေးကျောင်းသား အသစ် သောင်းနှင့်ချီခေါ်ယူမည့် အစီအစဉ်အား ဆရာဝန်များက ကန့်ကွက် ဆန္ဒပြနေကြသည့်အပြင် အလုပ်မဆင်းပဲ သပိတ်မှောက်လျက်ရှိကြောင်းသိရသည်။

ဆရာဝန်များ ဆေးကုသခြင်းမရှိသည့်အတွက် တောင်ကိုရီးယားအစိုးရသည် စစ်တပ်မှ ဆရာဝန်များအား ယာယီတာဝန်ပေးကာ အစားထိုးကုသပေးလျက်ရှိသည်။

Read more

နည်းပညာချို့ယွင်းမှု ဖြစ်ပေါ်ပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင်းအတွင်း ထိုးကျ

နည်းပညာချို့ယွင်းမှု ဖြစ်ပေါ်ပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင်းအတွင်း ထိုးကျခဲ့ သည်။

မြန်မာစံတော်ချိန် မတ်လ ၅ ရက် ညပိုင်းတွင် နည်းပညာချို့ယွင်းမှု တစ်နာရီခန့်ကြာ ဖြစ်ပွားပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ အရှိန်အဟုန်ဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။

Read more

ပြင်ဦးလွင်တွင် ပန်းပူဇော်ပွဲ ညလုံးပေါက်ကျင်းပမည်

မတ် ၆

ပြင်ဦးလွင်မြို၊ နောင်ခမ်းကြီးရပ်ကွက်ကြီး(၂၀)ရှိ သျှီးနီးလ်ထေရွှရ် သျှီဝဟိန္ဒူဘုရားကျောင်းမှာ ဘုရားကျောင်းဂေါပကအဖွဲက ကြီးမှူးပြီး မတ်လ ၈ ရက်မှာ မဟာသျှီဝရာတြီး ပန်းပူဇော်ပွဲတော်ကြီးကို ညလုံးပေါက်ကျင်းပသွားမှာ ဖြစ်တယ်လို ဘုရားကျောင်းဂေါပကအဖွဲကနေ သိရပါတယ်။

Read more

တောင်ကိုရီးယားနှင့် အမေရိကန်တိုက တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုတစ်ရပ် စတင်လုပ်ဆောင်

မတ် ၆

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတိုသည် ၎င်းတိုကြား နှစ်စဉ်ကျင်းပမြဲ စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ်သည့် Freedom Shield စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်လေယာဉ်များလေ့ကျင့် ပျံသန်းမှုတစ်ရပ်ကို မတ်လ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားလေတပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီတွင် ဖော်ပြသည်။

Read more

ဂျပန်နိုင်ငံကို လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပိုမည်

မတ် ၆

လာမယ့်ဘဏ္ဍာနှစ်မှာ ဂျပန်နိုင်ငံကို မြန်မာ့လယ်ယာထွက်ကုန်တွေ တိုးမြှင့်တင်ပိုနိုင်ဖိုအတွက် ဆောင်ရွက် သွားမယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲက ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောကြားခဲ့ပါတယ်။

မတ်လ ၄ ရက်၊ မနက်ပိုင်းက ရန်ကုန်မြိုကုန်သည်စက်မှုအသင်းချုပ်(UMFCCI)မှာ ပြုလုပ်တဲ့ ဂျပန်နိုင်ငံက စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် ပိုးသတ်ဆေးဓာတ်ကြွင်း အမြင့်ဆုံးကန့်သတ်ချက်တွေ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Read more

အမေရိကန်နှင့်စစ်ရေးလေ့ကျင့်နေသည့် တောင်ကိုရီးယားကို မြောက်ကိုရီးယားသတိပေး

မတ် ၅

နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် တောင်ကိုရီးယား၏ နွေရာသီစစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားက ပြစ်တင်ဝေဖန် သတိပေးခဲ့သည်။

တောင်ကိုရီးယားအနေဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးပြောဆိုလိုက်သည်။

အမေရိကန်နဲ့အတူ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မတ်လ ၄ ရက်နေ့ တနင်္လာနေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားသည် ယခင်နှစ်ထက် စစ်သည်အင်အား ၂ ဆ များပြားစွာပါ ဝင်ပူးပေါင်းခဲ့ကြောင်း သိရသည်။

Read more