Author: USDP 2016
ဥရောပဘောလုံးကစားသမားတွေထဲမှာ လုပ်ခလစာအများဆုံး ကစားသမားများ

မတ် ၂၈
လက်ရှိဘောလုံးလောကမှာ လုပ်ခလစာအများဆုံးရရှိနေတဲ့ ကစားသမားတွေထဲမှာ နံပါတ် (၁) နေရာမှာရှိနေတာကတော့ ပီအက်စ်ဂျီအသင်းနဲ့ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် အမ်ဘက်ပေဖြစ်ပြီး တစ်လစာလုပ်ခလစာ ပေါင် (၅.၁၅) သန်းထိ ရရှိနေတာဖြစ်ပါတယ်။
အဆိုပါပမာဏဟာ ဒုတိယနေရာမှာရှိနေတဲ့ ကစားသမားဖြစ်တဲ့ ဟယ်ရီကိန်းထက် (၂) ဆကျော် ပိုမိုများပြားနေတာဖြစ်ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ တစ်လစာလုပ်ခလစာ ပေါင် (၁.၈၀) သန်းထိ ရရှိနေတာလည်းဖြစ်ပါတယ်။
Read moreဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးတောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအတည်ပြု

မတ် ၂၈
အစ္စရေးနှင့် ဂါဇာအခြေစိုက် ဟားမတ်စ်အုပ်စုတိုကြား အပစ်အခတ်ချက်ချင်းရပ်စဲရန် တောင်းဆို ထားသော ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ်လ ၂၅ ရက်တွင် မဲခွဲအတည်ပြု နိုင်ခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီ အဖွဲဝင်နိုင်ငံ ၁၀ နိုင်ငံတိုက ပူးတွဲရေးဆွဲထားခြင်း ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းကို မတ်လ ၂၅ ရက်က မဲခွဲရာတွင် လုံခြုံရေးကောင်စီအဖွဲဝင် နိုင်ငံ ၁၄ နိုင်ငံတိုက ထောက်ခံပေးခဲ့ပြီး အမေရိကန်နိုင်ငံက ပါဝင်မဲပေးခြင်းမရှိခဲ့ကြောင်း သိရသည်။
Read moreOne Championship ပွဲစဉ်တစ်ခုတွင် မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာ သုံးဦး ပါဝင်ထိုးသတ်မည်

မတ် ၂၈
One Championship က ကြီးမှူးကျင်းပသော ပွဲစဉ်တစ်ခုဖြစ်သည့် One Friday Fight (57)ပွဲအား ယခုမတ်လ(၂၉)ရက်တွင် ပြုလုပ်မည်ဖြစ်ရာ၊ မြန်မာ့ရိုးရာလက်ဝှေ့ ထိပ်တန်း ဖိုက်တာ စိုးလင်းဦး အပါအဝင် သန့်ဇင်နှင့် မိုးထက်အောင်တို့ ပါဝင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Read moreပရီးမီးယားလိဂ် Hall of Fame တွင် ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးထည့်သွင်းခံရသူအဖြစ် အက်ရှ်လေကိုးလ် မှတ်တမ်းဝင်

မတ် ၂၆
အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ဘယ်နောက်ခံလူ ကစားသမားဟောင်းဖြစ်တဲ့ အက်ရှ်လေကိုးလ်ဟာ ပရီးမီးယားလိဂ် Hall of fame မှာ ပါဝင်ခွင့်ရရှိခဲ့တဲ့ ဂန္ထဝင်ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ကို ကိုယ်စားပြုပြီး ၁၅ နှစ်တာ ကျင်လည်ခဲ့တဲ့ ကိုးလ်ဟာ အမှတ်ပေးဆုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူစာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ အကောင်းဆုံးကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။
Read moreဘယ်လ်ဂျီယံနှင့်ပွဲကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ထပ်မံလွဲချော်

မတ် ၂၅
အင်္ဂလန်အသင်း၏တိုက်စစ်မှူး ဟာရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲကို ထပ်မံလွဲချော်မည်ဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း(၃၀ နှစ်)သည် ယင်းဒဏ်ရာကြောင့် ဘရာဇီးလ်နှင့် ခြေစမ်းပွဲကို လွဲချော်ခဲ့သလို၊ သက်သာခြင်းမရှိသဖြင့် ဘယ်လ်ဂျီယံနှင့်ပွဲကိုလည်း ထပ်မံလွဲချော်ခြင်းဖြစ်ပါတယ်။
ဒဏ်ရာသက်သာလာခြင်းမရှိတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အင်္ဂလန်အသင်းက ဘိုင်ယန်မြူးနစ် အသင်းဆီ ပြန်လွှတ်ခဲ့ပါတယ်။
Read moreကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်တွင် မြန်မာအသင်းနှင့်ဆီးရီးယားအသင်းတို့ သရေရလဒ်ထွက်ပေါ်

မတ် ၂၂
ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်အသင်းနှင့် ဆီးရီးယားအသင်းတို့ မတ်လ ၂၁ ရက်ညနေပိုင်းက ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် သွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်းတွင် ဆီးရီးယားအသင်း၏ ချေပဂိုးကို ပွဲချိန်၇၁မိနစ်မှာ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။
Read moreတောင်ကိုရီးယားသို ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များအား စမ်းသပ် ပစ်ခတ်

မတ် ၂၀
တောင်ကိုရီးယားနိုင်ငံသို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန် လာရောက်လည်ပတ်စဉ် အတွင်း မြောက်ကိုရီးယားနိုင်ငံက မတ်လ ၁၈ ရက်တွင် ၎င်းတို၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ် ပစ်ခတ်ခဲ့ ကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန် သည်။
Read more







