Author: USDP 2016
ဘာစီလိုနာမှာ နောက်တစ်ရာသီဆက်နေမယ့် ဇာဗီ

April 26
ဘာစီလိုနာနည်းပြဇာဗီဟာ ယခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အသင်းမှာ အနည်းဆုံးစာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၅ခုနှစ်၊ ဇွန်လအထိ ဆက်ရှိနေမှာဖြစ်ပါတယ်။
အသက်(၄၄)နှစ်အရွယ်ဇာဗီဟာ ဇန်နဝါရီလက ယခုရာသီအကုန်မှာ ဘာစီလိုနာကနေထွက်ခွာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက ဇာဗီကို အသင်းမှာဆက်ထိန်းထားဖို့ ဆန္ဒရှိခဲ့ပြီး ယခုအခါ ဇာဗီက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းခဲ့တာဖြစ်ပါတယ်။
Read moreလော့စ်အိန်ဂျလိစ်ကိုပြောင်းမယ့် ဂျရူး

April 26
အေစီမီလန်ဝါရင့်တိုက်စစ်မှူး ဂျရူးသည် ယခုရာသီကုန်တွင် အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းထံသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း သိရပါတယ်။
ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူး(၃၇ နှစ်)သည် ယခုရာသီကုန်တွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုအခါ လော့စ်အိန်ဂျလိစ်အသင်းနှင့် စာချုပ်ပင် ချုပ်ဆိုပြီးပြီဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read moreမြောက်ကိုရီးယားသည် ၎င်း၏ သံတမန်ရေးအရ အထီးကျန်မှုကို ဖြတ်တောက်ရန် ကြီးထွားလာနေသည့် ကြိုးပမ်းအား ထုတ်မှုတစ်ရပ်အဖြစ် အီရန်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်

ဧပြီ ၂၅
COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ နှစ်နိုင်ငံ၏ ပထမဆုံးသော ဆွေးနွေးပွဲများ ဖြစ်လာနိုင်ရေးအတွက် မြောက်ကိုရီးယား၏ အဆင့်မြင့် စီးပွား ရေး ကိုယ်စားလှယ်အဖွဲ့သည် အီရန်နိုင်ငံသို့ သွား ရောက်နေပြီဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
Read moreဗီလာနှင့် ၂၀၂၇ခုနှစ်အထိ နည်းပြအူနိုင်းအမ်မရီ သက်တမ်းတိုး

April 25
ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဟာ အသင်းရဲ့လက်ရှိနည်းပြအမ်မရီနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ တရားဝင်အတည်ပြုကြေညာခဲ့ပါတယ်။
နည်းပြအမ်မရီဟာ ဗီလာအသင်းကို စရောက်တည်းက အသင်းကိုတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို အခုဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေပြီဖြစ်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
နည်းပြအမ်မရီနဲ့ ဗီလာအသင်းတို့ရဲ့ စာချုပ်သက်တမ်းက (၂၀၂၆)အထိ ကျန်ရှိနေသေးတယ်ဆိုပေမယ့်လည်း ဗီလာအသင်းဘက်က (၁)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
Read more















