ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီ ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာပါတီဝင်များနှင့်တွေ့ဆုံ

မေ ၁၃၊ ပြည်

Read more

ပီအက်စ်ဂျီအသင်းမှ ထွက်ခွာမည်ဟု ဘာပေး ထုတ်ပြန်

ပြင်သစ်တိုက်စစ်မှူးဘာပေးဟာ ယခုရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘာပေးက “အချိန်တန်ရင် ပြောမယ်လို့ ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ ကျွန်တော့်ရဲ့နောက်ဆုံးနှစ်ပါ။ သက်တမ်းတိုးတော့မှာမဟုတ်ပါဘူး။ စွန့်စားမှုဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးဆုံးတော့မှာပါ”လို့ ပြောခဲ့ပါတယ်။ ဘာပေးဟာ ဇွန်လမှာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ယခုနွေရာသီမှာ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဒုတိယအကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်၊ နားသ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

မေ ၁၃၊ ပြည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့ နေ့လည် ၁၃၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြိုနယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် ပါတီဝင်အသစ် (၂၂၅)ဦး၏ အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို တက်ရောက်ခဲ့ပါသည်။

Read more

ချဲလ်ဆီးအသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ကိုးလ်ပါမာလ်

(အားကစား) မေ ၈

ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကစားသမား ကိုးလ်ပါမာလ်(၂၂ နှစ်)ဟာ ၂၀၂၃-၂၄ ရာသီအတွက် ချယ်လ်ဆီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည့်အပြင် ချယ်လ်ဆီးအသင်းဖော်များက ရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုလည်း ရရှိခဲ့ကြောင်း သိရပါတယ်။

ပါမာလ်က ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကမှ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းထံရောက်ရှိလာသူဖြစ်ပါတယ်။

Read more

လာမယ့် ဇွန်လ(၂)ရက်နေ့မှာ ဂျပန်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျော့ရှုဝါဗန်

(အားကစား) မေ ၈

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှုဝါဗန်ဟာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာ နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ကို UFC က အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်ကို လာမယ့် ဇွန်လ(၂) ရက်နေ့မှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read more

အသင်းဟောင်းဖလူမီနီးစ်အသင်းက သီယာဂိုဆေးလ်ဗားကို ပြန်လည်ခေါ်ယူ

(အားကစား) မေ ၈

ဘရာဇီးလ်ကလပ် ဖလူမီနီးစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့တရားဝင်စာမျက်နှာကနေ ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ ဖလူမီနီးစ်အသင်းဟာ သီယာဂိုဆေးလ်ဗားရဲ့ ငယ်ဘ၀ကလပ်အသင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ ၁၄၃ ပွဲအထိ ကစားပေးခဲ့ဖူးပါတယ်။

Read more

ဝက်စ်ဟမ်းနည်းပြသစ်ဖြစ်လာဖို့ လိုပီတီဂူ သဘောတူညီမှုရ

May 8

ဝုဗ်နည်းပြဟောင်း လိုပီတီဂူဟာ ယခုရာသီအကုန်မှာဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာမယ့် နည်းပြမိုယက်စ်နေရာ အစားထိုးဝင်ရောက်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ စပိန်သားနည်းပြလိုပီတီဂူဟာ ယခုရာသီအကုန်မှာ ဝက်စ်ဟမ်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် နည်းပြမိုယက်စ်နေရာ အစားထိုးဝင်ရောက်ဖို့ ပြီးခဲ့တဲ့တစ်ပတ်က ဆွေးနွေးခဲ့ပါတယ်။ ယခုအခါမှာ ၂၀၂၄-၂၅ ရာသီမတိုင်ခင် ဝက်စ်ဟမ်းအသင်းကို ကိုင်တွယ်ဖို့ လိုပီတီဂူသဘောတူညီမှုရခဲ့ပါတယ်။ လက်ရှိဝက်စ်ဟမ်းနည်းပြမိုယက်စ်က ယခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ လန်ဒန်ကလပ်အသင်းက အတည်ပြုခဲ့ပါတယ်။

Read more