မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုအမျိုးသမီးထုတွေ့ဆုံပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီး ညီလာခံအားကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၁ဝ နာရီတွင် အမျိုးသမီးထုတွေ့ဆုံပွဲကျင်းပကြောင်း သိရသည်။အဆိုပါ အမျိုးသမီးတွေ့ဆုံပွဲ အား ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ဒေါ် စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်အမျိုးသမီး တာဝန်ခံ ဒေါ်လဲ့လဲ့အေးတို့ တက် ရောက်ကြပြီး မြို့နယ်ပါတီကော် မတီနှင့်မြို့နယ်အမျိုးသမီးတာဝန်ခံ များ၊ရပ်ကွက်အမျိုးသမီးကော်မတီ ဝင်များ အင်အား ၇၅ ဦး တက် ရောက်ကြသည်။

Read more

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်ဥက္ကဌ| ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ| မြို့နယ်ဥက္ကဌ| မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

စက်တင်ဘာ- ၁၂ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်ဥက္ကဌ| ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ| မြို့နယ်ဥက္ကဌ| မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီကနေ့မနက်(၁၀:၀၀)နာရီ အချိန်က တိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မ
တီဝင်တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက ရှေးဦးစွာအဖွင့်အမှာစကားပြောကြားပြီး တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိဂီင်္ဝင်းရွှေမှ အမျိုးသမီးညီလာခံကျင်းပရေးနှင့်ပတ်သတ်၍ ဆွေး နွေး တင်ပြခဲ့သည်။ ၄င်းနောက်ခရိုင်ပါတီဥက္ကဌများနှင့် ခရိုင်အမျိုးသမီးရေးရာတာဝန်ခံများ| မြို့နယ်ပါတီဥက္ကဌများမှ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက်တွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက လိုအပ်သည်များကိုဆွေးနွေးပြောကြားပြီး တိုင်းပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည်(၀၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင်များ| ခရိုင်(၉)ခရိုင်နှင့်ခရိုင်(၅)ခရိုင်အတွင်းရှိ မြို့နယ်(၁၉)မြို့နယ်မှ ပါတီကော်မတီဝင်များ စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုးနှင့် ခရိုင်နှင့်မြို့နယ်ပါတီ ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော် မတီရုံးတွင် ကျင်းပကြောင်း သိရ သည်။

Read more

အယ်လ်ဗာရက်စ်နှင့် မကျေပွဲမှာ မိမိဘဝ၏ အကြီးမားဆုံးပွဲဟု လော့ဗ်ကင် ပြောကြား

သောလ်ကာနယ် လိုအယ်လ်ဗာရက်ဇ်နှင့် စနေနေ့ မကျေပွဲနွှဲရမည့်ပွဲစဉ်သည် မိမိ၏ လက်ဝှေ့သမားဘဝ တစ်လျှောက် အကြီးမားဆုံးပွဲဖြစ်သည်ဟု ဂျင်နာဒီဂိုလော့ဗ်ကင်က ပြောကြား သည်။

၂၀၁၇ စက်တင်ဘာက ယင်းမစ်ဒယ်ဝိတ်တန်း လက်ဝှေ့ ကျော်နှစ်ဦး၏ ပထမဆုံးပွဲသည် အငြင်းပွားဖွယ်သရေဖြင့် အဆုံးသတ်ခဲ့သည်။ ယင်းပွဲတွင် ဂိုလော့ဗ်ကင်က အချက်ရေအများ အပြားပို၍ ထိုးသတ်ခဲ့ပြီး ပို၍ အင်အား တောင့်တင်းသူဟု လက် ဝှေ့ဂုရုအများအပြားက သတ်မှတ် ခဲ့သည်။

Read more

တရုတ်-ရုရှား ဆက်ဆံရေး ပိုမိုတက်ကြွစွာဖွံ့ဖြိုးလာကြောင်း သမ္မတရှီ ပြောကြား

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယမန်နေ့က ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် တရုတ်-ရုရှားဆက်ဆံရေးသည် ယခုနှစ်တွင် ပိုမိုတက်ကြွစွာ ဖွံ့ဖြိုးတိုးတက် လာပြီး ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိလာကာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာခဲ့ကြောင်း၊ နိုင်ငံတကာ အခြေအနေမည်သို့ ပြောင်းလဲဖြစ်ပေါ်စေကာမူ တရုတ်-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်ရန် ခိုင်မြဲစွာ ဆောင်ရွက်ပြီး က္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေးကို ခိုင်မာစွာ ထိန်းသိမ်း သွားမည်ဖြစ် ကြောင်း သဘောတူခဲ့သည်။

Read more

ရေပြင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရန် ထိုင်းမှာ မှတ်ပုံတင်မဲ့ စက်လှေအားလုံးကို ဖျက်ဆီး

ဘန်ကောက်၊ စက်တင်ဘာ ၁၃

ထိုင်းတာဝန်ရှိသူတွေဟာ ဘန်ကောက်မြို့အနီး သာချင်မြစ်ကမ်းပါးက မှတ်ပုံတင်မဲ့ စက်လှေရေယာဉ်များစွာကို စက်တင်ဘာ ၁၂ ရက်မှာ ဖျက်ဆီးကြပါတယ်။

ရေပြင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ခုလို ဖျက်ဆီးပစ်တာလို့ သိရပါတယ်။ အစိုးရ တိုင်းတာချက်တစ်ရပ်အရ ထိုင်းနိုင်ငံတွင်းမှာ မှတ်ပုံတင်မဲ့ စက်လှေရေယာဉ်ပေါင်း ၉၀၀ နီးပါး ရှိတယ် ဆိုပါတယ်။ ဒီအတွက် နိုင်ငံရဲ့ ငါးလုပ်ငန်းကို ကာကွယ်ရေးနဲ့ ပိုပြီးတိကျမှု ရှိစေရေးအတွက် မှတ်ပုံတင်မဲ့ စက်လှေရေယာဉ် တွေကို ဖျက်ဆီးပစ်တဲ့ လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

Read more

ဘာစီလိုနာ ဘီ ကို ပြန်ကိုင်တွယ်ချင်တယ်လို့ ဆိုတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက နည်းပြဘဝ အနားယူခါနီးတွင် သူရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာ ဘီ အသင်းကို ပြန်လည်ကိုင်တွယ်လိုကြောင်း ပြောခဲ့ပါတယ်။

Read more

ငလျင်ဘေးသင့် ဂျပန်ပြည်သူတွေအတွက် အင်နီယက်စတာ နဲ့ ပိုဒေါစကီး အလှူငွေလိုက်ကောက်ပေးခဲ့

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူ ၄၄ ဦး သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံ ဟိုကိုင်ဒိုကျွန်းက ငလျင်ဘေးသင့် ပြည်သူတွေအတွက် ဂျေလိဂ်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းမှာ ကစားနေတဲ့ စပိန်ကွင်းလယ်လူ အင်နီယက် စတာ နဲ့ ဂျာမနီ တိုက်စစ်မှူးဟောင်း ပိုဒေါစကီးတို့က အလှူငွေ လိုက်လံကောက်ခံပေးခဲ့ပါတယ်။

Read more

အရက်သောက်ပြီး ယာဉ်မောင်းခဲ့တယ်လို့ ဟူဂိုလိုရစ် ၀န်ခံ

စပါးဂိုးသမား လိုရစ်က လန်ဒန်မြို့မှာ ရဲအဖွဲ့ရဲ့ တားဆီးခံရချိန် သူ့အနေနဲ့ ခွင့်ပြုထားတာထက်ပိုပြီး အရက်သောက်ထားခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

သြဂုတ်လ(၂၄)ရက်အစောပိုင်းမှာ ပြင်သစ်ဂိုးသမားလည်း ဖြစ်တဲ့ လိုရစ်ဟာ ရဲအဖွဲ့ရဲ့တားဆီးစစ်ဆေးခြင်းကို ခံခဲ့ရပြီးနောက် အရက်သောက်ပြီး ယာဉ်မောင်းခဲ့တယ်ဆိုတဲ့ စွဲချက်တင်ခံခဲ့ရတာပါ။ အသက်(၃၁)နှစ်အရွယ် လိုရစ်အနေနဲ့ Westminster Magistrates’ တရားရုံးမှာ လာရောက် အစစ်ဆေးခံစဉ် အပြစ်ရှိကြောင်း ၀န်ခံခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လိုရစ်ဟာ ပေါင်(၅၀၀၀၀)ဒဏ်ရိုက်ခံခဲ့ရပြီး ယာဉ်မောင်းခွင့်လ(၂၀) ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် စပါးအသင်းကလည်း ဂိုးသမားလိုရစ်ကို နှစ်ပတ်လုပ်ခလစာ ပေါင်(၃၀၀၀၀၀) ဒဏ်ရိုက်သွားမယ်လို့ သိရပါတယ်။    

Read more

အဆင့် ၅ Mangkhut စူပါ မုန်တိုင်း ဖိလိပိုင် တိုင်ဝမ် နဲ့ ဟောင်ကောင် ဦးတည်

အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမှာ ဟာရီကိန်း မုန်တိုင်းကြီးအတွက် ကြိုတင်ပြင်ဆင်နေကြချိန်မှာပဲ ဒီထက်ပိုမိုအင်အားကြီးမားတဲ့ မုန်တိုင်းကြီးတခုဟာ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဟောင်ကောင် တို့ကို ဦးတည်နေပါတယ်။

မောင်းကွတ်လို့ နာမည်ပေးထားတဲ့ စူပါ တိုင်ဖုန်းမုန်တိုင်းကြီးဟာ ပစိဖိတ်သမုဒ္ဒရာကို ဝှေ့ယမ်း ဖြတ်သန်းပြီး တနာရီ ၁၁၅ မိုင်ကျော် ပြင်းအားရှိတဲ့အတွက် အန္တလန်တိတ်သမုဒ္ဒရာက ဟာရီကိန်းမုန်တိုင်း အမျိုးအစား အဆင့် (၅)နဲ့ ညီမျှပါတယ်။ မောင်းကွတ် တိုင်ဖုန်းမုန်တိုင်းကြီးဟာ အမေရိကန်ပြည်ထောင်စုနယ်မြေတခုဖြစ်တဲ့ ဂွမ်ကျွန်း ကို ဖြတ်သန်းခဲ့တဲ့ အတွက် အဲဒီမှာ ရေကြီးတာ၊ ဓါတ်အားပြတ်တောက်တာတွေ ဖြစ်နေပါတယ်။

Read more