ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကူညီဆောင်ရွက်

 

မိတ္ထီလာ အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မွေအုပ်စု အိုမတွေ့ကျေးရွာ သို့ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မိတ္ထီလာမြို့မှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် များထုတ်ပေးရေး ကူညီဆောင်ရွက်ပေးခဲ့သည်။

Read more

ခွဲမထွက်ရေးနှင့် ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုဖြစ်ရေး များစွာအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ထောင်စုမှခွဲမထွက်ရေးနှင့် ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုဖြစ်ရေး များစွာအရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

Read more

ဖားကန့်တွင် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ဖားကန့် အောက်တိုဘာ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်းအမှတ်စဉ်(၄/၂ဝ၁၈)ဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ကျင်းပရာ သဘာပတိ ခရိုင်ပါတီကော်မတီ ဝင် နယ်မြေတာဝန်ခံ ဦးစိုင်းသိန်း ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူးဦးထွန်း မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်နှင့် ပို့ချပေးမည့် ဘာသာ ရပ်များကို ရှင်းလင်းပြောကြား သည်။

Read more

ပြင်သစ်နည်းပြကို ဝေဖန်ပြီး နောက်ခံလူ ကိုစီယယ်နီ နိုင်ငံတကာ ကစားသမားဘဝ အနားယူ

ဒဏ်ရာရစဉ်ကာလအတွင်း ၎င်းအပေါ် ပြင်သစ်နည်းပြ ဒက်စ်ချမ့်၏ ဆက်ဆံပုံများကို ပြင်သစ်နှင့် အာဆင်နယ် နောက်ခံလူ ကိုစီယယ်နီက ဝေဖန်ခဲ့ပြီး နောက် နိုင်ငံတကာကစားသမား ဘဝမှ အနားယူခဲ့သည်။

ကိုစီယယ်နီ (၃၃) နှစ်သည် မေလက ယူရိုပါလိဂ်အကြိုဗိုလ်လုပွဲတွင် ဖနောင့်ကြောဒဏ်ရာရခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်။

ဒဏ်ရာကြောင့် အနားယူနေချိန်အတွင်း ဒက်စ်ချမ့်အပြင်လူအများအပြားက ၎င်းကို စိတ်ပျက်ခဲ့ကြောင်း ကိုစီယယ်နီက ဆိုသည်။

Read more

စပိန်ကိုအနိုင်ရခဲ့ပြီးနောက် အသင်းသားများကို အင်္ဂလန်နည်းပြဆောက်ဂိတ် ချီးကျူး

ဆီဗီးမြို့မှာ စပိန်ကို (၃-၂)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။ တိုက်စစ်မှူးစတာလင်းရဲ့(၃)နှစ်အတွင်း ပထမဆုံးနိုင်ငံတကာ သွင်းဂိုးတွေအပြင် ရက်ဖို့ဒ်ရဲ့ ဂိုးနဲ့ အင်္ဂလန်ဦးဆောင်နိုင်ခဲ့ပြီး နည်းပြအင်းနရစ်ရဲ့စပိန်က ချေပဂိုးတွေလိုက်သွင်းခဲ့တာပါ။ ဒီရလဒ်ဟာ အင်္ဂလန် အသင်းအတွက် မှတ်တမ်းတခုဖြစ်ခဲ့ပြီး ၁၉၅၉ ခုနှစ်ပြီးနောက် ပျမ်းမျှအသက်အငယ်ဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

Read more

ခါဘီရဲ့ စိန်ခေါ်မှုကို တုန့်ပြန် လိုက်ပြီ ဖြစ်တဲ့ မေ၀ဲသာ

ဒီမနက်ခင်းမှာပဲ UFC လိုက်ဝိတ်ချန်ပီယံ ရုရှား ဖိုက်တာ ခါဘီ ရဲ့ စိန်ခေါ်မှု နဲ့ ပတ်သက်ပြီး လက်ဝှေ့ ဆရာကြီး မေ၀ဲသာ ကတော့ တုန့်ပြန်လိုက်ပြီဖြစ်ပါတယ်။ မေ၀ဲသာက ခါဘီ အနေနဲ့ သူ့ကို စိန်ခေါ်မယ်ဆိုရင် အရင်ဆုံး MGM Grand Arena ဟာ ထိုးသတ်ဖို့ နေရာကောင်း တစ်ခုပဲလို့ ညွှန်းဆို သွားခဲ့သလို ၊ ရုပ်သံထုတ်လွှင့်သူတွေ အနေနဲ့ ဘယ်လောက်အထိ အကျိုးအမြတ်ပေးနိုင်မလဲဆိုတာ အရင်ဆုံး ဆန်းစစ်ပေးဖို့ ပြောဆိုသွားခဲ့ပါတယ်။

Read more

ယီမင်နိုင်ငံ တွင် တာဝန်မကျေပွန်မှုကြောင့် ဝန်ကြီးချုပ် ထုတ်ပယ်ခဲ့ရ

ယီမင် နိုင်ငံ သမ္မတ Abdrabbuh Mansur Hadi အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 

ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၁၆ ရက်

Read more

Microsoft ပူးတွဲတည်ထောင်သူ ပေါလ်အယ်လန် ကွယ်လွန်

Microsoft ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့သူ Paul Allen ဟာ တနင်္လာနေ့က အသက် ၆၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါပြီ။ ကိုယ်ပိုင်ကွန်ပြူတာလေးတွေဟာ တနေ့ကျရင် မရှိမဖြစ်ပစ္စည်း တခု ဖြစ်လာမယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက ဟောကိန်းထုတ်ခဲ့သူ လည်းဖြစ်ပါတယ်။

Read more

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ဝါးခယ်မတွင်ကျင်းပ

 

ဝါးခယ်မ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး ဝါး ခယ်မမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ ရှေး ဦးစွာ နိုင်ငံတော်အလံအား အလေး ပြုခြင်း၊နိုင်ငံတော်သီချင်းသီဆိုခြင်း များဖြင့် ဆောင်ရွက်ခဲ့ကြသည်။

Read more