ပြည်ပကျူးကျော်မှုများကိုလက်မခံ ဒို့အရေးသုံးပါးကိုဦးထိပ်ထားတဲ့ပါတီဖြစ်တဲ့အတွက် အားကိုးထိုက်တဲ့ပါတီဖြစ်လို့ ယုံကြည်မှုအပြည့်နဲ့ ပါတီဝင်လာတာပါ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်ပါတီရုံးဝင်းအတွင်းရှိ ကွင်းပြင်တွင် ယမန်နေ့နံနက် ၈ နာရီမှ ၁ဝ နာရီအထိ ကျင်းပသော ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ပြည်သူလူထုအားတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားတွင် မြစ်ကြီးနားမြို့နယ်မြေ ၁၄ အနောက် အလယ်ကုန်းရပ်ကွက်မှ ပါတီဝင်အသစ်တစ်ဦး ဖြစ်သော ဦးစောသန်း၏ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်ရခြင်းနှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားမှုများကို ဖော်ပြအပ်ပါသည်။

Read more

လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး လှည်း ကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော် အလံအားအလေးပြုခြင်းနှင့် နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း ကော်မတီဝင် ဦးခင်မောင်တင့်က နှုတ်ခွန်းဆက်အမှာစကား ပြော ကြားပြီး ရန်ကုန်မြောက်ပိုင်းခရိုင် ခရိုင်ကော်မတီဝင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်က ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်သည် များကို လမ်းညွှန်အမှာစကားပြော ကြားခဲ့သည်။

Read more

ပါတီဗဟိုအတွင်းရေးမှုးနှင်ဗဟိုအလုပ်အမှုဆောင်များရပ်ကျေးဥက္ကဋ္ဌများနှင့်တွေ့ဆုံ။

 

ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအရှေ့ပိုင်းခရိုင်နှင့်အနောက်ပိုင်းခရိုင်မှရပ်ကျေးပါတီဥက္ကဋ္ဌများနှင့်ပါတီဗဟိုအတွင်းရေးမှုးပါတီဗဟိုအလုပ်အမှုဆောင်များတွေ့ဆုံပွဲဝတ်စုံပေးအပ်ပွဲအခမ်းအနားကိုအောက်တိုဘာလ(၁၈)ရက်နေ့လည်(၁၂)နာရီကရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင်ကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲသို့ပါတီဗဟိုအတွင်းရေးမှုးဒေါက်တာစန်းစန်းနွယ်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီရန်ကုန်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးနှင့်ဗဟိုပါတီကော်မတီဝင်များတိုင်းနှင့်ခရိုင်ပါတီကော်မတီဝင်များအရှေ့ပိုင်းနှင့်အနောက်ပိုင်းခရိုင်မှမြို့နယ်ပါတီဥက္ကဌများရပ်ကျေးပါတီဥက္ကဌများတက်ရောက်ကြသည်။
အစီအစဉ်အရနိုင်ငံတော်သီချင်းသီဆို၍အခမ်းအနားဖွင့်လှစ်ပြီးရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးမှအမှာစကားပြောကြားရာတွင်ယနေ့ရပ်ကျေးပါတီဥက္ကဌများကိုပထမအကြိမ်တွေ့ဆုံခြင်းဖြစ်၍ဝမ်းမြောက်ပါကြောင်းမိမိတို့ပါတီသည်ခိုင်မာတောင့်တင်းသည့်ပါတီဖြစ်သော်လည်းယခုအခါပြိုက်ဘက်ပါတီအဖြစ်ရပ်တည်နေခြင်းဖြစ်ကြောင်းထို့ကြောင့်ရပ်ကျေးပါတီဥက္ကဌများသည်အဓိကကျ၍အလုပ်လုပ်ကြရန်လိုအပ်ကြောင်းမိမိတို့ရပ်ကွက်၏ကိစ္စအဝဝတွင်ရှေ့ကပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီမှအမှာစကားပြောကြားရာတွင်နိုင်ငံရေးပါတီများ၏ရည်မှန်းချက်သည်ရွေးကောက်ပွဲဝင်ရန်နှင့်အနိုင်ရရှိဖို့ဖြစ်ကြောင်းထို့ကြောင့်ပြည်သူနှင့်တိုက်ရိုက်ထိတွေ့နေသည့်ရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်များသည်အဓကကျသည့်ပါတီ၏အင်အားများဖြစ်ကြောင်းထို့ကြောင့်ရပ်ကျေးပါတီကော်မတီများသည်အတွေ့အကြုံဗဟုသုတကြွယ်ဝဖို့လိုအပ်ကြောင်းသို့မှသာပါတီအောင်နိုင်မှုရရှိပြီးနိုင်ငံနှင့်ပြည်သူကိုအလုပ်အကျွေးပြုနိုင်မှာဖြစ်ကြောင်းသို့ဖြစ်၍ယနေ့ရပ်ကျေးပါတီဥက္ကဌများနှင့်ဗဟိုအဆင့်မှရင်းနှီးနွေးထွေးစွာလာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်ပါတီဗဟိုအတွင်းရေးမှုးနှင့်ဗဟိုအလုပ်အမှုဆောင်များမှရပ်ကျေးပါတီဥက္ကဌများကိုမြို့နယ်ရပ်ကွက်အလိုက်ပြည်ခိုင်ဖြိုးဝတ်စုံများပေးအပ်ပြီးတွေ့ဆုံပွဲအခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)


Read more

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပုံမှန်အစည်းအဝေးကျင်းပ

 

စဥ့်ကိုင် အောက်တိုဘာ ၁၈

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့်ရပ်ကျေး ပါတီ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက စတင်ကျင်းပခဲ့ရာ ခရိုင်နယ်မြေ တာဝန်ခံ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင် နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁ဝ၂ ဦး တက်ရောက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေ များ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ အပြန်အလှန် ဆွေးနွေးခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် အောင်မြင် စွာပြီးစီးခဲ့သည်။

Read more

ရေကြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ဖျာပုံ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီခန်းမတွင် ယမန်နေ့နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်း ပခဲ့ကြောင်း သိရသည်။

Read more

နိုက်ကလပ်မှာ ရန်ဖြစ်ခဲ့လို့ ယူရို(၈)သိန်း ဒဏ်ကြေးဆောင်ရမယ့် ဘာစီလိုနာကစားသမား

ဘာစီလိုနာအသင်းရဲ့ ချီလီကွင်းလယ်လူ အာတူရို ဗီဒယ်ဟာ ပြီးခဲ့တဲ့ နှစ်က ဂျာမနီရှိ နိုက်ကလပ်တစ်ခုအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း အပြစ်တွေ့ရှိခဲ့တာကြောင့် ကြာသပတေးနေ့က မြူးနစ်တရားရုံးက ယူရို ၈၀၀,၀၀၀ (ပေါင် ၇၀၀,၀၀၀) ဒဏ်ငွေရိုက်ခဲ့ပါတယ်။

မြူးနစ်ခရိုင်တရားရုံးက ချီလီကစားသမားကို ရက် ၈၀ လုပ်ခပေါ် အခြေပြုပြီး ဘာစီလိုနာကစားသမားအတွက် တစ်နေ့လျှင် ယူရို ၁၀,၀၀၀ (ပေါင် ၈,၈၀၀) နဲ့ တွက်ချက်ပြီး ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

Read more

မန်ယူအသင်းနဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ လုခ်ရှော

မန်ယူအသင်းရဲ့ အင်္ဂလန်ဘယ်နောက်ခံလူ လုရှောဟာ အသင်းမှာ ၂၀၂၃ ခုနှစ်အထိရှိနေမယ့် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

သူဟာ တစ်ပတ်လုပ်ခပေါင် ၁၅၀၀၀၀ နဲ့ စုစုပေါင်း တန်ကြေး ပေါင်သန်း ၅၀ ရှိတဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ကို ဆိုခဲ့တာပါ။

Read more

မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာတာပြည်တွင်းလိဂ် ချန်ပီယံအသင်း ယနေ့ခြေစမ်းမည်

အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံသို့ လေ့ကျင့်ရေးခရီးစဉ်ရောက် ရှိနေသည့်  မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အောက်တိုဘာ ၁၉ ရက် (ယနေ့)တွင် ကာတာ ပြည်တွင်းလိဂ်ချန်ပီယံ Al-Duhail ကလပ်အသင်းနှင့် ခြေစမ်းမည် ဖြစ်သည်။ 

အဆိုပါခြေစမ်းပွဲကို အောက်တိုဘာ ၁၉ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်၌ ကာတာ နိုင်ငံရှိ Al-Duhail အသင်းအိမ်ကွင်းတွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ဘောလုံး အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read more

နောက်ထပ်ခါးပတ်တစ်ခုကို ဂျပန်မှာ ကာကွယ်မယ့် အောင်လ

မစ်ဒယ်ဝိတ် ခါးပတ်ကို ကာကွယ်ဖို့ မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပြီး နောက်နှစ်ထဲမှာတော့ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်ကို ဂျပန်နိုင်ငံမှာ ကာကွယ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

MMA မစ်ဒယ်ဝိတ် ရွှေခါးပတ်ချန်ပီယံဘွဲ့ကို အောင်လအန်ဆန်က မြန်မာနိုင်ငံမှာ လက်ဘနွန်နိုင်ငံသား ကရာကီနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံသား ကရာကီက စိန်ခေါ်ထားတာ ဖြစ်ပြီး ဒီပွဲကတော့ အောင်လအန်ဆန်အတွက် ဒုတိယမြောက် ခါးပတ်ကာကွယ်ပွဲလည်း ဖြစ် လာမှာ ဖြစ်ပါတယ်။

Read more

လူနေအိမ်တစ်လုံး ဒုံးကျည် ထိမှန်သည့်နောက် ဂါဇာရှိ စစ်သွေးကြွများကို အစ္စရေး လက်တုံ့ပြန်

ဂါဇာကမ်းမြှောင်ဒေသမှ ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စီး အစ္စရေး လူနေရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲခဲ့သည့်နောက် အစ္စရေး စစ်တပ်က လက်တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက် ဖြစ်စဉ်တွင် ဂါဇာရှိ စစ်သွေးကြွများ ပစ်ခတ်ခဲ့သော ဒုံးကျည်သည် အစ္စရေး တောင်ပိုင်းမှ လူနေအိမ် တစ်လုံးကို ထိခိုက် ပျက်စီးသွားစေခဲ့သည်။ ထို့နောက် အစ္စရေး စစ်တပ်က ဂါဇာရှိ စစ်သွေးကြွ ပစ်မှတ်များကို ချက်ချင်းလိုလို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

Read more