ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်သို့ တပ်ဖွဲ့ ဝင် ၁၅,ဝဝဝ စေလွှတ်မည်ဟု ပြောကြား

အမေရိကန်နိုင်ငံသို့ ဦးတည်ထွက်ခွာလာနေသော ကာရေဗီယံဒေသရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

 

ဝါရှင်တန် ၊ နိုဝင်ဘာ ၁ ရက်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ကာရေဗီယံဒေသ အမေရိကအလယ်ပိုင်း ရွှေ့ ပြောင်းနေထိုင်သူများ ဝင်ရောက်လာခြင်းအား တားဆီးရန်အတွက် အမေရိကန်နိုင်ငံတောင်ပိုင်းရှိ မက္ကဆီကို နယ်စပ်သို့ စစ်သား ၁၅,ဝဝဝ ဦးအထိ စေလွှတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

Read more

အစ္စလာမ်ဘာသာကို စော်ကားမှုဖြင့် သေဒဏ်ပေးခံရသည့် ခရစ်ယာန်အမျိုးသမီး လွတ်ငြိမ်းခွင့်ရ

ပါကစ္စတန်နိုင်ငံ တရားရုံးချုပ်က အစ္စလာမ်ဘာသာအပေါ် စော်ကားမှုနဲ့ တရားစွခံရတဲ့ ခရစ်ယာန် အမျိုးသမီး တယောက်ကို အောက်တိုဘာ ၃၁ ရက်နေ့က သေဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

အဲဒါကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဆန္ဒပြခဲ့သလို အစွန်းရောက် ဘာသာရေး ပါတီက သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Read more

အီးယူက ကုန်သွယ်မှုအခွင့်အရေးပေး၊ မပေး လာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဟုဆို

ဥရောပသမဂ္ဂသည် မြန်မာအပေါ်ပေးအပ်ထားသော ကုန်သွယ်မှုအထူးအခွင့်အရေး(GSP) ပြန်လည်ရုပ်သိမ်း ခြင်းပြု၊ မပြုလာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် စီး ပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးချမ်းအေးက ပြောကြား သည်။

Read more

နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲကို အပစ်ရပ်အဖွဲ့ ၅ဖွဲ့လုံး တက်ရောက်မှာမဟုတ်

 

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပမယ့် UPDJC ရဲ့ နိုင်ငံရေး မူဘောင် ဆွေးနွေးပွဲကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားထား ပေမဲ့ အားလုံးတက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ မိုင်းလားအဖွဲ့ NDAAတို့ကတော့ တက်ရောက်မယ်လို့ အကြောင်းပြန် ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Read more

မင်းဘူးမြို့နယ် စကုနယ်မြေတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် အဖွဲ့ Door to Door ကွင်းဆင်းဆောင်ရွက်

 

31.10.2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် နယ်မြေတစ်ခုဖြစ်သည့် မင်းဘူးမြို့နယ် စကုမြို့ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) နေရာအတွက် မဲဆွယ်စည်းရုံးမှုတစ်ခုဖြစ်သည့် Door to Door ဆောင်ရွက်မှုအား မင်းဘူး/စကုမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)ရှိကျေးရွားများနှင့် မင်ဘူးနှင့်စကုမြို့ပေါ်ရပ်ကွက်များသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး၊ တိုင်းဘဏ္ဍာရေးမှုဦးကြည်ထွန်း၊ တိုင်းကော်မတီဝင်များ ၊ ဦးကျော်သူဦး၊ ဦးအေးသူ၊မြို့နယ်ဥက္ကဌ ဦးကျော်ဝင်းမြင့် နှင့်ကော်မတီဝင်များလိုက်ပါလျက် တရွာဝင်တရွာထွက်နှင့် တအိမ်တက်ဆင်း Door to Door ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။

Read more

မင်းဘူးမြို့နှင့်စကုမြို့ရှိ လူမှုရေးအသင်းများသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ အလှူငွေများ လှူဒါန်း

 

31.10.2018.

မင်းဘူးမြို့နယ် နှင့် စကုမြို့နယ်အတွင်းရှိ လူမှုရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ပေးနေသော အသင်းများဖြစ်သည့် ဗြဟ္မစိုရ်အသင်းနှင့်မြတ်စေတနာအသင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး ၊ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ နှင့် ဦးကျော်သူဦး၊ ဦးအေးသူ၊ မြို့နယ်ဥက္ကဌဦးကျော်ဝင်းမြင့် ၊ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါလျက် မြို့မိမြို့ဖများနှင့်ရင်းနှီးစွာတွေ့ဆုံပြီးဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး+ ဒေါ်ခင်မျိုးဌေး မိသားစုမှ အလှူငွေ တသိန်းကျပ်စီ လှူဒါန်းခဲ့ပါသည်။

Read more

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ တိုက်ပွဲရှောင် ပြည်သူ များသို့ ဆန်အိတ်များထောက်ပံ့

 

ရှမ်းမြောက်၊ အောက်တိုဘာ ၃၁

Read more

အောင်လံမြို့နယ် ပါတီဝင်သစ်များအား ဗဟိုအတွင်းရေးမှူး တက်ရောက်ကြိုဆို

 

အောင်လံ၊ အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် သမ္ဗူလအခြေစိုက် ကျေးရွာများမှာ ပါတီဝင် ၉၀၀ ခန့်ဟာ ဒီကနေ့မှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ၀င်ရောက်လာခဲ့သည်။
ပါတီဝင်သစ်များသည် အဆိုပြုလွှာများ စုပေါင်းပေးအပ်ခဲ့ကြပြီး ပါတီကို ၀င်ရောက်ရခြင်းအကြောင်းအရင်းများကိုလည်း သူတို့ရဲ့ဘ၀ အခြေအနေနဲ့ စပ်လျဉ်းပြီးပြောကြားသွားခဲ့ကြသည်။
ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် ကော်မတီဝင်များ သွားရောက်ပြီး ပါတီဝင်သစ်များအား နွေးထွေးရင်းနှီးစွာ ကြိုဆိုခဲ့ကြသည်။

Read more

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောင်းဆောင်သစ်ရေစက်ချ အလှူတော်အခမ်းအနားတက်ရောက်

 

ယနေ့ (1.11.2018) ရက်နေ့ နံနက် (၇:၃၀) အချိန် စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရန်အောင်မြင်ရပ် ကိုးမြေချမ်းသာဘုရားအတွင်း အများကောင်းမှုဖြင့် လှူဒါန်းဆောက်လုပ်ထားသော ကျောင်းဆောင်သစ်ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား မြို့နယ်ပါတီမှ ပါတီစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်မင်းလွင်၊ စည်းရုံးရေးရာတာဝန်ခံ ဦးအောင်အောင်နှင့်အဖွဲ့ ဝင်များ၊ ရပ်ကျေးပါတီအဖွဲ့ များ တက်ရောက်ကြပြီး ကျောင်းဆောင်သစ်အတွက် ပြည်ခိုင်ဖြိုးမိသားစုများမှ ပူးပေါင်းပါဝင်လှူဒါန်းခြင်းများအား ရေစက်ချအမျှဝေခြင်း ဆရာတော်အား အလှူငွေ (30000) ကျပ် ပေးအပ်
လှူဒါန်းခြင်းများ ကုသိုလ်ပြုဆောင်ရွက်ခဲ့ပါသည်။

Read more

သက်တော်ရှည်ဆရာတော်ကြီးများအား ဒက္ခိဏသီရိပြည်ခိုင်ဖြိုး ပထမအကြိမ် သံဃပူဇနိယပူဇော်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီးကျေးရွာဇေယျသိဒ္ဓိကျောင်းတိုက်တွင် သက်တော်ရှည်ဆရာတော် ကြီးများအား ပထမအကြိမ် သံဃပူဇနိယပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးမြင့်လှိုင် မိသားစုနှင့် ပြည်ခိုင်ဖြိုး ပါတီတို့ပူးပေါင်း၍ မဲဒီးဇေယျသိဒ္ဓိကျောင်းတိုက်ဆရာတော် ဦးဝိ မလာစာရအား အမှူးထားကာ ပင့်သံဃာတော်ဆရာတော်ကြီး ၁၇ ပါးအား သံဃပူဇနိယပွဲကျင်းပခဲ့ရာ ဧည့်ပရိသတ်က ရွှေကြာပင် အောင်ရတနာကျောင်းတိုက်မှ ဆရာတော်ဦးကုသလထံမှ သီလပေး တရားနာယူခဲ့ပြီး လှူဖွယ်ဝတ္ထူပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

Read more