ဘာသာစော်ကားမှု အပေါ်ဆုံးဖြတ်ချက် ပါကစ္စတန်မှာ ပြဿနာတက်

အစ္စလမ်ဘာသာရဲ့တမန်တော်ကို ပုတ်ခတ်စော်ကားမှုနဲ့စွပ်စွဲခံထားရတဲ့ ခရစ်ယာန်အမျိုးသမီးတဦးနဲ့ ပတ်သက်တဲ့ အမှုကို နိုင်ငံတော်တရားရုံးချုပ်က အပြစ်မရှိကြောင်းစီရင်ချက်ချခဲ့တဲ့အတွက် အစ္စလမ်မ ဘတ်မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွါးနေတာ သုံးရက်ရှိနေပါပြီ။

Read more

လွှတ်တော်အစည်းအဝေး ပြန်လုပ်ဖို့ သီရိလင်္ကာသမ္မတ ညွှန်ကြား

သီရိလင်္ကာလွှတ်တော်အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပြန်ကျင်းပဖို့ သမ္မတက ညွှန်ကြားထားပြီး ဝန်ကြီးချုပ် သစ်အဖြစ် သူခန့်ထားတဲ့ အာဏာရှင်ဟောင်း Mahinda Rajapaksa ကို အတည်ပြုရေး လွှတ်တော်အမတ်တွေ မဲခွဲ ဆုံးဖြတ် ကြရမှာဖြစ်ပါတယ်။

တောင်အာရှဒေသက သီရိလင်္ကာကျွန်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်း ဆိုက်နေချိန်မှာပဲ သမ္မတရဲ့ တနင်္ဂနွေနေ့ အမိန့် ထွက်လာတာပါ။

Read more

နျူကလီးယားမူဝါဒသို့ ပြန်သွားနိုင်ကြောင်း မြောက်ကိုရီးယားသတိပေး

စီးပွားရေးပိတ်ဆို့မှုကြောင့် ဆင်းရဲမှုဒဏ် ကိုခံစားနေရသည့် မြောက်ကိုရီးယား ကို အမေရိကန်မှ ပိတ်ဆို့ထားမှုများ ဖယ်ရှားမပေးလျှင် မြောက်ကိုရီးယား သည် နျူကလီးယားလက်နက်ပိုင်ဆိုင် သည့်နိုင်ငံအဖြစ် ကြိုးစားမည့်လမ်း ကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွား လိမ့်မည်ဟု မြောက်ကိုရီးယားဘက်က သတိပေးထားသည်။
နှစ်ပေါင်းများစွာ ကြာအောင် မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းခဲ့သည်။

Read more

ကုမ္ပဏီရဲ့ Foldable စမတ်ဖုန်းကို CES 2019 မှာ ပွဲထုတ်မိတ်ဆက်မယ့် LG

Samsung ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို မကြာခင်မိတ်ဆက်သွားမယ်လို့ ကတိပြုထားပေမယ့်လည်း ပြည်တွင်းပြိုင်ဘက် ကုမ္ပဏီဖြစ်တဲ့ LG ရဲ့ ကျော်ဖြတ်ခြင်းကို ခံရဖွယ်ရှိနေပါတယ်။ Evan Blass ရဲ့ နောက်ဆုံးပေါ် tweet အရ LG ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို CES 2019 မှာ ပွဲထုတ်မိတ်ဆက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Read more

ဘင်္ဂါလီဒုက္ခသည် ၂,၀၀၀ ကို ပထမဆုံး အသုတ်အဖြစ် နိုဝင်ဘာလလယ်တွင် စတင်လက်ခံမည်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပထမဆုံးအသုတ်အဖြစ် ဘင်္ဂါလီ ဒုက္ခသည်နှစ်ထောင်ကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်လက်ခံမည်ဟု အေအက်ဖ်ပီ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံပူးတွဲလုပ်ငန်းကော်မတီအ ဖွဲ့သည် အောက်တိုဘာ ၃၁ ရက်တွင် ကော့ဘဇားရှိ ဒုက္ခသည် စခန်းများသို့ ကွင်းဆင်းစိစစ်ပြီး မြန်မာအစိုးရက စိစစ်ပြီးသည့် ဒုက္ခသည် ငါးထောင်ကျော်အနက် ပထမဆုံး အသုတ်အဖြစ် နှစ်ထောင်ကို ယခု လလယ်တွင် စတင်လက်ခံမည်ဟု မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

Read more

ဘလွန်းဒီအောဆုရရှိရန် ဂရစ်ဇ်မန်း မျှော်လင့်

ဘလွန်းဒီအောဆုရရှိရန် အိပ်မက်မက်နေသည်ဟု အက်သလက်တီကိုမက်ဒရစ်နှင့် ပြင်သစ်ကြယ်ပွင့်အန်တိုနီ ဂရစ်ဇ် မန်းက ၀န်ခံပြောကြားသည်။

အက်သလက်တီကိုမက်ဒရစ်နှင့် ယူရိုပါလိဂ်ဖလား၊ ပြင်သစ်နှင့်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီးနောက် ဂရစ်ဇ်မန်း (၂၇နှစ်)သည် ဘလွန်းဒီအောဆု ရရှိရန် အလား အလာကောင်းနေသည်။

၂၀၁၆ က ရော်နယ်ဒိုနှင့်မက် ဆီတို့နောက် တတိယသာရရှိခဲ့ သောတိုက်စစ်မှူးက ဘလွန်းဒီအောဆုသည် ၎င်းအလိုရှိသောဆု ဟု မကွယ်မ၀ှက်ပြောကြားသည်။

Read more

မြန်မာ့ဘောလုံးလောကအတွက် လိုအပ်သည့်ပံ့ပိုးမှုများပြုလုပ်မည်ဟု ဖီဖာဥက္ကဋ္ဌပြော

ဦးဇော်​​ဇော်နှင့် ဖီဖာဥက္ကဋ္ဌ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − MFF)

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖာတီနိုက မြန်မာ့ဘောလုံးလောက တိုးတက်ရေး လိုအပ်သည်များ  ကူညီထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

Read more

ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ တိုင်ဆန်ဖျူရီ

စိတ်ကျဝေဒနာ ခံစားခဲ့ရတုန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ပြောပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ တိုင်ဆန်ဖျူရီဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ WBC ဟဲဗီးဝိတ်ချန်ပီယံ ၀ိုင်ဒါနဲ့ ထိုးသတ်ဖို့ ရှိပါတယ်။

Read more

NCA အရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အောက်ခြေအထိ သိနိုင်ရေး ဆောင်ရွက်ရန် JMC ဆုံးဖြတ်

လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို အပြည့်အဝကာကွယ်ပေးရန်နှင့် NCA အရ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပြဋ္ဌာန်းချက် များကို အောက်ခြေ တပ်ဖွဲ့ဝင် များအထိ သိရှိနိုင်ရေး ဆောင်ရွက်ရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC)က သဘောတူဆုံးဖြတ်ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

Read more

အင်ဒိုနီးရှားလေယာဉ် Black Box က အချက်ပြသံကြားရပြီ

(အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်မှာ ပျက်ကျခဲ့တဲ့ Lion Air ခရီးသည်တင်လေယာဉ်ပျံကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ရှာဖွေရေးဆောင်ရွက်နေစဉ်)

 

တနင်္လာနေ့က ပျက်ကျသွားခဲ့တဲ့ အင်ဒိုနီးရှား Lion Air ခရီးသည်တင်လေယာဉ်ပျံရဲ့ Black Box ခေါ် ပျံသန်းမှုမှတ်တမ်းတင် ကရိယာက ထုတ်လွှင့်တဲ့ အချက်ပြသံကို ကြားရပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ်။

Read more