အီရန်အပေါ် ဒဏ်ခတ်မှုကြောင့် ရေနံဈေးတက်မှာ Trump စိုးရိမ်

အီရန်ရဲ့ နျူကလီယား အစီအစဉ်တွေကို ကန့်သတ်ဖို့ နိုင်ငံတကာသဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခု အဖြစ်နဲ့ အီရန်အပေါ် ဖြေလျှော့ပေးထားတာ တွေကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ Donald Trump က ပြောဆိုထားတဲ့ အတိုင်း တနင်္လာနေ့မှာ အမေရိကန်က အီရန်ရဲ့ ရေနံလုပ်ငန်းနဲ့ ငွေးကြေးဆိုင်ရာ ကဏ္ဍ တွေမှာ အရေးယူ ဒဏ်ခတ်မှုတွေ ပြန်လည် ချမှတ်လိုက်ပါတယ်။

Read more

ရုရှားက တာဝေးပစ်ပဲ့ထိန်းဒုံးကျည် တင်ဆောင်ထားသည့် စစ်သင်္ဘော ဆီးရီးယားသို့စေလွှတ်

ဆီးရီးယားကမ်းလွန်မှာ ရေတပ်ဖွဲ့တွေကို အင်အားဖြည့်နေတဲ့ ရုရှားနိုင်ငံဟာ နိုဝင်ဘာ ၅ ရက်နေ့က တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေ တင်ဆောင်ထားတဲ့ ဖရီးဂိတ်စစ်သင်္ဘောတစင်းကို ထပ်မံအားဖြည့် စေလွှတ်လိုက်ပါတယ်။

ပင်လယ်နက်ရေတပ် ရေယာဉ်အုပ်စုရဲ့ ဖရီးဂိတ်စစ်သင်္ဘောဟာ မြေထဲပင်လယ်က ရေတပ်အုပ်စုမှာ တာဝန်ထမ်းဆောင်ဖို့ ပင်လယ်နက် ရေတပ်အခြေစိုက်စခန်းကနေ ထွက်ခွာသွားပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Read more

ပြည်သူများအတွက်အထူးလျှော့ဈေးဖြင့်ဆန်များရောင်းချရာသို့ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သွားရောက်အားပေး

 

နေပြည်တော် နိုဝင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့နံနက် ၁ဝ နာရီက ဇေယျာသီရိမြို့နယ် ပြည် ခိုင်ဖြိုးပါတီကအထူးလျှော့ဈေးဖြင့် ဆန်များရောင်းချနေမှုအား သွား ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည် သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ ကြောင်း သိရသည်။

Read more

မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးတွင် လုပ်သက်ရင့်ပါတီဝင်ကြီးများအား ကန်ေ

 

မလှိုင် နိုဝင်ဘာ ၎

မန္တလေးတိုင်းဒေသကြီး မလှိုင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စီနီယာပါတီ ဝင်ကြီးများအား ကန်တော့ခြင်း နှင့် KBZ ဘဏ်မှ ငွေကြေးဝန် ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးရှင်းလင်း ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ တွင်ကျင်းပသည့် လစဉ်ပုံမှန် အစည်းအဝေး၌ ပူးတွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုက်လတ်မြို့နယ်နှင့် မအူပင်မြို့နယ်များမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

 

ဖျာပုံ၊ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် နံနက် ၉ နာရီခွဲ အချိန်မှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ဆူးကဏန်းကျေးရွာနှင့် မအူပင်မြို့နယ် ထနီးကျေးရွာတွင်ပြုလုပ်သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

Read more

၂၀၁၈ အာရှဗိုဗီနမ်ပြိုင်ပွဲတွင် ယနေ့နံနက်ပိုင်းအထိ မြန်မာ ရွှေ(၃)ခုဆွတ်ခူးထား

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၄)ကြိမ်မြောက် အာရှဗိုဗီနမ်ပြိုင်ပွဲမှာ ဒီနေ့နံနက်ပိုင်းအထိ မြန်မာအသင်းက ရွှေတံဆိပ်(၃)ခု၊ ငွေ(၁)ခု၊ ကြေး (၅)ခု ဆွတ်ခူးထားကြောင်း သိရပါတယ်။

Read more

သုဝဏ္ဏကွင်းတွင်ကန်မည့် မြန်မာအမျိုးသမီးအသင်း၏ အိုလံပစ်ခြေစစ်ပွဲ သုံးပွဲကို ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်

၂၀၂၀ အိုလံပစ်အမျိုး သမီးခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များမှ မြန်မာအမျိုးသမီးဘောလုံး   အသင်းပါဝင် ယှဉ်ပြိုင်မည့် အုပ်စု  (ဂ) ပွဲစဉ်များကို ကွင်းဝင်ကြေး အခမဲ့သတ်မှတ်ကြောင်း  ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။

မြန်မာအမျိုးသမီးအသင်း သည် အိုလံပစ်ခြေစစ်ပွဲ ပထမ အဆင့်အုပ်စုပွဲစဉ်များအဖြစ် သုဝဏ္ဏကွင်းတွင် နိုဝင်ဘာ ၈ ရက် ၌ ဘင်္ဂလားဒေ့ရှ်အသင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် နီပေါအသင်း၊  နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

Read more

ဗီချိုင်းရဲ့ဈာပနအတွက် လက်စတာကစားသမားတွေ ထိုင်းကိုရောက်နေ

ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ အသင်းပိုင်ရှင်ဗီချိုင်းရဲ့ဈာပနအတွက် လက်စတာအသင်း ကစားသမား တွေဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

ဗီချိုင်းရဲ့ဈာပနအတွက် ဘန်ကောက်က ဘုန်းတောင်ကြီးကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လက်စတာကစားသမားတွေထဲမှာ တိုက်စစ်မှုးဗာဒီနဲ့ အသင်းခေါင်းဆောင် မော်ဂန်တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဗီချိုင်းရဲ့ဈာပနဟာ ပြီးခဲ့တဲ့စနေနေ့မှာ စတင်ခဲ့ပြီး တစ်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။

Read more

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ငါးခု အပါအ၀င် ဆုကိုးခုရရှိ

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းက ရွှေတံ ဆိပ်ငါးခုအပါအ၀င် ငွေတစ်ခု၊ ကြေးသုံးခုဖြင့် စုစုပေါင်းဆုတံ ဆိပ်ကိုးခု စတင်ရရှိခဲ့သည်။

အဆိုပါ မြားပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်အား ကစားကွင်းတွင်  ကျင်းပနေသည်။

အိမ်ရှင်မြန်မာနှင့်အတူ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ ၀င်ရောက်ယှဉ်ပြိုင်ကာ မြန်မာ မြားပစ်ကစားသမား ၂၀ ခန့် ပါဝင်ယှဉ်ပြိုင်နေသည်။

Read more

မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ပြန်စမယ်လို့ ဝန်ကြီး Pompeo ပြော

နျူကလီးယားကင်းရှင်းရေးဆိုင်ရာ မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲတွေ ဒီသီတင်းပတ်အတွင်း နယူးယောက်မှာ ပြန်စမှာဖြစ်ပြီး မြောက်ကိုရီးယား ဒုတိယအကြီးအကဲ Kim Yong Chol နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ စင်္ကာပူမှာ ဇွန်လက တွေ့ဆုံဆွေးနွေးပြီး ကတည်းကဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ် အဆုံးသတ်ရေး တိုးတက်မှုတွေ နှေးကွေးနေတာ လအတော် ကြာနေပါပြီ။

Read more