ရွှေ့ပြောင်း ဟေတီနိုင်ငံသားများကို ချီလီအစိုးရ နေရပ်ပြန်ပို့

ချီလီအစိုးရဟာ ရွှေ့ပြောင်းလာသူ ဟေတီနိုင်ငံသားတွေကို နိုဝင်ဘာ ၇ ရက်နေ့က လေယာဉ်နဲ့ ဟေတီနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ဟေတီနိုင်ငံသား ၁၇၆ ဦး လိုက်ပါလာတဲ့ ချီလီလေတပ်လေယာဉ်ဟာ ဟေတီနိုင်ငံ မြို့တော် ပို့စ်အော်ပရင့်ကို ရောက်လာခဲ့ပါတယ်။

ဒါဟာ လူသားချင်းစာနာစိတ်နဲ့ ပို့ဆောင်မှုတွေထဲက ပထမဆုံးဖြစ်ပြီး ရွှေ့ပြောင်းသူအဖွဲ့တွေကတော့ ဒါကို အတင်းအကျပ် ပြည်နှင်တယ်လို့ ဆိုပါတယ်။

Read more

ဆီးခွက်တွေမှာ ရုပ်သံမျက်နှာပြင်တပ်ဆင်မယ့် ရီးရဲလ်

ဒုတိယပိုင်း ပြန်စပြီး တစ်မိနစ်မပြည့်ခင် ကိုယ့်အသင်း ဂိုးသွင်းလိုက်ချိန်မှာ ကိုယ်က အပေါ့သွားနေတုန်းမို့လို့ မကြည့်လိုက်ရတာမျိုး ကြုံရရင် ပရိသတ်တွေ စိတ်ပျက်ကြမှာပါ။ ကိုယ်မကြည့်လိုက် ရတဲ့ဂိုးက ရာသီတစ်လျှောက် အကောင်းဆုံးဂိုးဖြစ်နေရင်တော့ ပိုစိတ်ပျက်ရမှာပါ။ ရီးရဲလ်အသင်းကတော့ သူတို့အသင်းကို အားပေးတဲ့ ပရိသတ်တွေ ဒီလို စိတ်ပျက်စရာမျိုး မကြုံစေဖို့ ဆီးခွက်တွေမှာ ရုပ်သံမျက်နှာပြင် တပ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။

Read more

ONE Championship မှချီးမြှင့်သည် Global Martial Arts Awards – Bout of the Year ဆုနှင့် Male Athlete of the Year ဆုများကို မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆိုင်လက်ခံရရှိ

စင်္ကာပူ ၊ ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ ၈

ONE Championship မှကြီးမှူးကျင်းပသည့် Gala Dinner & Global Martial Arts Award အခမ်းအနားကို Marriot Hotel Grand Ballroom တွင် စင်္ကာပူဒေသစံတော်ချိန် (၈:၃၀) တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

Read more

ဂျပန်ကစ်ဘောင်ဆင်သမားနှင့် ထိုးသတ်မည့်အစီအစဉ်ကို မေ၀ယ်သာ ဖျက်သိမ်း

လက်ဝှေ့ စူပါကြယ်ပွင့် ဖလွိုင်းမေ၀ယ်သာ က ဂျပန်ကစ်ဘောက်ဆင်သမား နှင့်ထိုးသတ်မည့်အစီအစဉ်ကို ဖျက်သိမ်းပြီး မိမိသည် ၎င်းနှင့် ယှဉ်ပြိုင်ရေးသဘောတူရန် ဖြားယောင်းခံရသည်ဟု ပြောသည်။

လူမှုမီဒီယာ၌ ဖော်ပြထားသော ရှည်လျားသည့်ကြေညာချက် တစ်ရပ်တွင် မေ၀ယ်သာက ဆိုင်တာမာမြို့၌ နှစ်သစ်ကူးအကြိုနေ့တွင် တန်ရှင်နာဆူကာဝါနှင့် ထိုးသတ်ရန်စီစဉ်ရာ၌ ပွဲစီစဉ်သူများကြောင့် အမှန်မမြင်နိုင်ခဲ့ဟု ဖော်ပြထားသည်။

Read more

ဖော်မြူလာဝမ်း ပြိုင်ပွဲအရေအတွက် တိုးလာပါက နုတ်ထွက်မည်ဟု လူးဝစ်ဟာမီလ်တန် ခြိမ်းခြောက်

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲသာ ပြိုင်ပွဲအရေအတွက် ၂၅ ပွဲထိ ဖြစ်လာခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ နုတ်ထွက်မယ်လို့ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ရရှိဖို့ အခြေအနေကောင်းနေတဲ့  ဗြိတိန် ပြိုင်ကားမောင်းသမား လူးဝစ် ဟာမီလ်တန်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ အမြင့်ဆုံး ကားမောင်းပြိုင်ပွဲဖြစ်ပြီး အနာဂတ်မှာ ပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်မှာ ကျင်းပလာနိုင်ရေးအတွက် ဥက္ကဋ္ဌ ဖြစ်သူ အက်ကလက်စတုန်းက ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

Read more

CNN သတင်းထောက်ကို အိမ်ဖြူတော် သတင်းလိုက်ခွင့် ရုပ်သိမ်း

အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက်တယောက်ကို အိမ်ဖြူတော်ထဲဝင် သတင်းယူခွင့် တားမြစ်လိုက်တာနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ပြောခွင့်ရက ကြာသပတေးနေ့မှာ ကာကွယ် တုံ့ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာကျင်းပတဲ့သတင်းစာရှင်းပွဲအတွင်း သမ္မတ Donald Trump နဲ့အခြေအတင်ဖြစ်တဲ့ CNN သတင်းထောက် Jim Acosta ဆီက မိုက်ကရိုဖုန်းလုယူဖို့ကြိုးစားတဲ့ အလုပ်သင်ဝန်ထမ်းအမျိုးသမီးကို သတင်းထောက်က မသင့်တော်တဲ့လုပ်ရပ် လုပ်ခဲ့တယ်လို့ဆိုပြီး အဲဒီသတင်းထောက်ရဲ့ အိမ်ဖြူတော်ဝင်ခွင့်ကို ရုပ်သိမ်းခဲ့ပါတယ်။

Read more

ကြားဖြတ်ရွေးကောက်ပွဲရလဒ်များအရ အမေရိကန်အောက်လွှတ်တော်တွင် အမျိုးသမီး ၁ဝဝ ခန့် နေရာရ

ဝါရှင်တန် နိုဝင်ဘာ ၈

အင်္ဂါနေ့က ပြုလုပ်ခဲ့သော အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန်အောက်လွှတ်တော်၌ အမျိုးသမီး အမတ် ၁ဝဝကျော် နေရာရရှိခဲ့သည့်အတွက် ပထမဆုံးအကြိမ် အမျိုးသမီး အများစုနေရာ ရရှိခြင်း ဖြစ်လာသည်။
ဗုဒ္ဓဟူးနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မှ အသက် ၃၁ နှစ်အရွယ် ကေတီဟေးလ်က အနိုင်ရခဲ့ပြီး အောက်လွှတ်တော် တွင် အမျိုးသမီးဦးရေမှာ ၁ဝဝ ကျော်ရှိလာခဲ့သည်။

Read more

တောင်တရုတ်ပင်လယ်က ကျွန်းတွေပေါ်မှာ တရုတ် မိုးလေဝသစခန်းဖွင့်လှစ်မှု ဗီယက်နမ်ကန့်ကွက်

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒေသတွင်းနိုင်ငံတွေ အငြင်းပွားနေကြတဲ့ စပရက်တလီ ကျွန်းစုတွေပေါ်မှာ တရုတ်အစိုးရက မိုးလေ၀သတိုင်းတာရေးစခန်းတွေ ဖွင့်လှစ်ခဲ့တဲ့အပေါ် ဗီယက်နမ်နိုင်ငံ က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင်၊ တောင်တရုတ်ပင်လယ်ပြင်မှာ အခြေအနေတွေကို ရှုတ်ထွေးသွားစေတယ်လို့လည်းပြောပါတယ်။

Read more

လုပ်ပိုင်ခွင့်အာဏာနဲ့ ဆန္ဒမဲ လဲလှယ်တဲ့လုပ်ရပ်မျိုးမလုပ်ဆောင်ခဲ့ ကိုယ်စားလှယ် သုံးနေရာကို သန့်ရှင်းလွတ်လပ်စွာဖြင့် မဲအပြတ်နိုင်ခဲ့ခြင်းဖြစ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက မကြာမီကပြီးစီးခဲ့သည့် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့သည့်နေရာ သုံးနေရာသည် သန့်ရှင်းလွတ်လပ်စွာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ကြားဖြတ်ရွေးကောက်ပွဲမှာ ရရှိတဲ့ရလဒ်အပေါ်သဘော ထားအမြင်ကို ပြောပြပေး ပါ။

Read more

လမ်းပြုပြင်ရန်အတွက် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီက ငွေကျပ်တစ်သိန်းပေးအပ်လှူဒါန်း

 

စဥ့်ကိုင် နိုဝင်ဘာ ၈

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြောင်းဆုံကြီးအုပ်စု မြောင်းဆုံကြီးကျေးရွာ အဝင်လမ်းအား မြေကျောက်ငါးစီးစာအတွက် ယမန်နေ့နံနက် ၈ နာရီခွဲက ငွေကျပ်တစ် သိန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံး၊ အတွင်းရေးမှူးဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့များ စုပေါင်း၍လုပ်အားကုသိုလ်နှင့်အတူ ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more