မက္ကဆီကိုနယ်စပ်တစ်လျှောက် အမေရိကန်တပ်ဖွဲ့ က ခြံစည်းရိုးခတ်

ဝါရှင်တန် နိုဝင်ဘာ ၁၉

လွန်ခဲ့သောသုံးရက်အတွင်း အမေရိကန်တပ်ဖွဲ့သည် မက္ကဆီကို နယ်စပ်အနီး မြစ်ဘေးတစ်လျှောက်တွင် ခြံစည်းရိုးများခတ်ထား သည်ကို မျက်စိတစ်ဆုံး တွေ့မြင်နေရသည်။

ကင်တပ်ကီပြည်နယ် ဖို့စ်နောက်စ်ခံတပ်အခြေစိုက် အင်ဂျင်နီယာတပ်ရင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များက ခြံစည်းရိုး ခတ်သည့်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့မြင်နေ ရသည်။

အမေရိကန်သမ္မတ ထရမ့်၏ အငြင်းပွားဖွယ်အမိန့်ဖြင့် တက္ကဆက်ပြည်နယ် အနောက်မြောက်ပိုင်း ရီရိုဂရန်ဒီ မြစ်အနီး တွင် ခြံစည်းရိုးခတ်နေကြခြင်းဖြစ်သည်။

Read more

အမေရိကန် မောင်းသူမဲ့လေယာဉ်များကြောင့် ယီမင်အရပ်သားများ သေဆုံး

အမေရိကန်နိုင်ငံပိုင်မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံအတွင်း၌ အရပ်သားများ သေဆုံးမှုရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ယီမင်နိုင်ငံအတွင်း၌ ဆော်ဒီဦးဆောင်သည့် အာရပ်မဟာမိတ်နိုင်ငံများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်ဘက်ပစ်မှတ်များကို ထိခိုက်မှုများ ရှိခဲ့သည့်အပြင် အမေရိကန်ပိုင် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုများကြောင့်လည်း အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကာ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက အတည်ပြုခဲ့ကြသည်။

Read more

ဖက်ဒဲရာကိုအနိုင်ယူပြီး ဇက်ဗီရက်ဗ် ATP Finals ဗိုလ်လုပွဲတက်ရောက်

ဂျာမနီနိုင်ငံသားအ လက်ဇန်းဒါးဇက်ဗီရက်ဗ်(၂၁)နှစ် သည် ဆွစ်ဇာလန်တင်းနစ် အကျော်အမော် ရော်ဂျာ ဖက်ဒဲရာကို ၇-၅၊ ၇-၆(၅)ဖြင့် အနိုင်ယူပြီး ATP Finals ပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ကာ ဆားဘီးယား နိုင်ငံသား ကမ္ဘာ့အဆင့်(၁) ဂျိုကို ဗစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဇက်ဗီရက်ဗ်သည် ၎င်း၏ ကစားသမားဘ၀တွင် အရေးပါသော နိုင်ပွဲတစ်ပွဲရယူနိုင်သော်လည်း နောက်ဆုံးပွဲငယ် (tiebreak)အတွင်း ပြုမူသောလုပ်ရပ်ကြောင့် ပွဲအပြီးစကားပြောစဉ်အတွင်း လှောင်ပြောင်ခံရသည်။

Read more

ဒူဘိုင်းမှာ မက်ဆီနဲ့အတူ ညစာစားခဲ့တဲ့ ပေါ့ဂ်ဘာ

နိုင်ငံတကာပွဲစဉ်များ ကစားရန် အနားရထားသော ကာလတွင် မက်ဆီနှင့် ပေါ့ဂ်ဘာသည် လက်ရွေးစင် အသင်းများနှင့် ပါဝင်ပတ်သက်ခွင့် မရသော်လည်း ဒူဘိုင်းမြို့တွင် ညစာစားရင်း စကား လက်ဆုံကျခဲ့သည်။ နှစ်ဦးစလုံး နိုင်ငံအသင်းများတွင် ပါဝင်မကစားနိုင်ဘဲ ဒူဘိုင်းသို့ အပန်းဖြေခရီးသွားရောက်စဉ် တွေ့ဆုံခြင်း ဖြစ်သည်။

ပေါ့ဂ်ဘာသည် ပေါင်ဒဏ်ရာကြောင့် မန်စီးတီးနှင့်ကစားခဲ့သော မန်ယူ၏ နောက်ဆုံးပွဲတွင် မပါဝင်ဘဲ မက်ဆီသည် အောက်တိုဘာလလယ်က လက်မောင်းရိုးအက်ပြီးနောက်ပိုင်း တစ်ပွဲသာ ကစားနိုင်သေးသည်။

Read more

အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထွက်ပေါ်

ဘီဘီစီမှ နှစ်စဉ်ချီးမြှင့်သော အာဖရိက အကောင်းဆုံးကစားသမားသမားဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။

ဂျူဗင်တပ်နှင့် မော်ရိုကို နောက်ခံလူ ဘီနာတီယာ၊ နာပိုလီနှင့် ဆီနီဂေါ နောက်ခံလူ ကူလီဘာလီ၊ လီဗာပူးနှင့် ဆီနီဂေါ တိုက်စစ်မှူး မာနေး၊ အက်သလက်တီကိုနှင့် ဂါနာကွင်းလယ်လူ ပါတေး၊ လီဗာပူးနှင့် အီဂျစ်တိုက်စစ်မှူး ဆာလက်တို့သည် ဆန်ခါတင်စာရင်း၌ ပါဝင်လာခဲ့ကြသည်။

Read more

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆုတံဆိပ် ၅ ခု ဆွတ်ခူး

မြန်မာနိုင်ငံမှာ လက်ခံကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရူး (ထောက်လု) ပြိုင်ပွဲမှာ မြန်မာကစားသမား တွေဖြစ်တဲ့ ငြိမ်းချမ်းကိုကို၊ စန္ဒီဦးနဲ့ အေးသစ္စာမြင့်တို့က စုစုပေါင်း ဆုတံဆိပ် ၅ ခု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ငြိမ်းချမ်းကိုကိုက ရွှေတံဆိပ်တခု၊ ကြေးတံဆိပ်တခု၊ စန္ဒီဦးက ငွေတံဆိပ်တခုနဲ့ အေးသစ္စာမြင့်က ငွေတံဆိပ်တခု၊ ကြေးတံဆိပ်တခု ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။

Read more

တရုတ်နိုင်ငံက BeiDou တည်နေရာပြ ဂြိုဟ်တု၂လုံးလွှတ်တင်

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ နိုဝင်ဘာ ၁၉ ရက် နံနက် ၂း၀၇နာရီတွင် ဂြိုဟ်တုသစ်၂လုံး အား Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံတစ်စင်း ဖြင့် အာကာသ အတွင်းရှိ BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အတွင်းသို့ လွှတ်တင်ခဲ့ကြောင်းသိရသည်။

Read more

ကယ်လီဖိုးနီးယား တောမီးများအတွင်း ပျောက်ဆုံးသူ ထောင်ဂဏန်းထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တောမီး လောင်ကျွမ်းမှုများ ဖြစ်ပွားအပြီး ပျောက်ဆုံးနေသူ ဦးရေမှာ ထောင်ဂဏန်းထိ မြင့်တက်လာကြောင်း သိရသည်။

ပြည်နယ်သမိုင်းတွင် အသေအပျောက် အများဆုံး စာရင်းဝင် တောမီး ဖြစ်လာသည့် Camp Fire အပါအဝင် ကယ်လီဖိုးနီးယား၌ အနည်းဆုံး တောမီးသုံးခု တပြိုင်တည်းလိုလို ပျံ့နှံ့ ကူးစက် လောင်ကျွမ်းခဲ့သည်။ တောမီးများကို စတင် ထိန်းချုပ်စ ပြုလာနိုင်သော်လည်း Camp Fireကိုမူ ၅၀ ရာခိုင်နှုန်း ပြည့်အောင်ပင် မတားဆီးနိုင်သေးချေ။

Read more

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုအပေါ် ပြင်သစ်နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြ

ပါရီ နိုဝင်ဘာ ၁၈

ပြင်သစ်နိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုအပေါ် ဒေါသထွက်နေကြသူများသည် နိုင်ငံတစ်ဝန်းတွင် လမ်းများကို ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြရာ ယာဉ် အသွားအလာများ ကမောက်ကမ ဖြစ်ခဲ့ရကြောင်း၊ ဆန္ဒပြသူများ၏ ဟန့်တားမှုကြောင့် ထိတ်ထိတ်ပျာပျာဖြင့် မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးသည် ဆန္ဒပြသူ လူအုပ်ကြီး အတွင်းသို့ ကားကို မောင်းနှင်မိရာမှ ဆန္ဒပြသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

ရုရှားအရေး လူတွေ့မေးမြန်းခွင့်မပြုဘူးလို့ သမ္မတ Trump ပြော

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ရုရှားရဲ့ ၀င်ရောက် စွက်ဖက်မှုတွေအကြောင်း စုံစမ်း ဖော်ထုတ်နေတဲ့ အထူး စုံစမ်း စစ်ဆေးရေးမှူး Robert Mueller နဲ့ တဦးချင်းထိုင်ပြီး လူတွေ့ မေးမြန်းခွင့် ပြုမှာမဟုတ်ဘူးလို့ သမ္မတ Donald Trump က ပြောပါတယ်။ အထူးစုံစမ်းရေးမှူးရဲ့ မေးခွန်းတွေကို စာနဲ့ရေးပြီး ဖြေကြားထားခြင်းဟာ သူ့ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်တယ်လို့ တနည်းအားဖြင့် သမ္မတ Trump က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

Read more