လယ်သမားများ၏ အကြွေးများကို ဘောလိဝုဒ်နာမည်ကျော်မင်းသား စိုက်ဆပ်ပေးဟုဆို

ဘောလိဝုဒ်မင်းသားများထဲတွင် အအောင်မြင်ဆုံး မင်းသားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော အမီတာဘာချန် သည် အိန္ဒိယလယ်သမားများ ပေးဆပ်ရမည့် ကြွေးမြီများအား စိုက်ဆပ်ပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အမီတာဘာချန်သည် ၂၀၀၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံအတွင်း၌ မိုးခေါင်းမှုများ ဖြစ်ပွား လာခြင်းကြောင့် ပေးဆပ်ရမည့်ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိသည့် လယ်သမား ဦးရေ တိုးပွား လာခြင်းကို သတိပြုမိခဲ့ပြီးနောက်တွင် ကိုယ်ပိုင်ငွေများဖြင့် ကြွေးမြီများအား ပေးဆပ်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ အမီတာဘာချန် သည် လယ်သမား ၁၄၀၀ ပေးဆပ်ရမည့် ကြွေးမြီများအား စိုက်၍ အကျေဆပ်ပေးခဲ့ကြောင်း တွေ့ရှိခဲ့သည်။

Read more

ကန်-မက္ကစီကို နယ်စပ်ပိတ်ဖို့ သမ္မတ Trump ခြိမ်းခြောက်

လက်တင်အမေရိက နိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုထဲ ၀င်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အထောက်အထားမဲ့ လူတွေကို အမေရိကန်အစိုးရအနေနဲ့ မဟန့်တားနိုင်ဘူးဆိုရင်၊ တနေ့ကို ဒေါ်လာ ၁.၆ ဘီလီယံဖိုး ကုန်သွယ်မှုရှိနေတဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က မနေ့ ကြာသပတေးနေ့မှာ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

Read more

အမေရိကန် အင်ဒိုပစိဖိတ် ခေတ်မီနည်းပညာရင်းနှီးမြှုပ်နှံမှု မြန်မာပါဝင်

အင်ဒို-ပစိဖိတ်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၆၁ ဘီလီယံကျော် ထပ်မံ ရင်းနှီးမြုပ်နှံသွားမယ်လို့ အမေရိကန် ဒုသမ္မတ Mike Pence က အာရှပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု APEC ထိပ်သီးစည်းဝေးပွဲမှာ ပြောကြား လိုက်ပါတယ်။ အဲဒီ အစီအစဉ်ထဲမှာ Smart Cities Partnership လို့ခေါ်တဲ့ အာရှတိုက်အတွင်းမှာ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အတွက် ကူညီပေးမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲအတွင်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ကြားခဲ့တာနဲ့လည်း တိုက်ဆိုင် နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

Read more

ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး ကျပ်သန်း ၆,၀၀၀ ကျော်သုံးစွဲမှု ဥပဒေနှင့်ညီ၊မညီ ပြည်ခိုင်ဖြိုးအမတ် မေးမြန်း

နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး ကျပ်သန်း ၆,၀၀၀ ကျော် သုံးစွဲမှု ဥပဒေနှင့် ညီ၊ မညီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော် သို့ မေးခွန်းမေးမြန်းထား ကြောင်း ယနေ့ (နိုဝင်ဘာ ၂၀ ရက်တွင်)ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ် လျာထားချက်၌ ပါရှိသည်။

Read more

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများ၌ အင်န်ဂျီအိုများ၏ လှုပ်ရှားမှုများကို စစ်ဆေးရန် ကော်မတီဖွဲ့စည်း

ဘင်္ဂလားဒေ့ရှ်အစိုးရက ယူခီယာနှင့်တက်ခ်နမ်ဒေသတို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများ၌ လူသားမျိုးနွယ်အတွက် ၀န်ဆောင်မှုပေးနေသည်ဆိုသော ခေါင်းစဉ်ဖြင့် အလုပ်လုပ်နေသော အစိုးရ မဟုတ်သည့်အဖွဲ့အစည်း(NGO) အချို့၏ လှုပ်ရှားမှု များကိုစောင့်ကြည့်ပြီး လိုအပ် သောအရေးယူဆောင်ရွက်မှုပြု လုပ်ရေး ကော်မတီတစ်ရပ်ဖွဲ့ စည်းခဲ့သည်။ ယင်း NGO အချို့နှင့် ပတ်သက်ပြီး ဒေသတွင်း လူ့အသိုင်း အ၀ိုင်းကိုယ်စားလှယ်များက စိတ် ပျက်နေပြီး ယင်းအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ လိုအပ်သော အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

Read more

ဘလွန်းဒီအောဆုနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိဟု လူကာမိုဒရစ် ပြောကြား

ရီးရဲလ်နှင့် ခရိုအေးရှား ကြယ်ပွင့်လူကာမိုဒရစ်က ယခုနှစ် ဘလွန်းဒီအောဆု ရရှိရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း မရှိဟု ပြောပြီး မိမိအနေဖြင့် ယင်းဆုကိုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေကြီး ကျယ်သောနှစ်တစ်နှစ် ဖြတ်သန်းခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။

မိုဒရစ်သည် ရီးရဲလ်ကိုချန်ပီယံလိဂ်ဖလား ရအောင်ကူညီခဲ့ကာ ခရိုအေးရှားကိုလည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက်အောင်ကူညီခဲ့သဖြင့် ဘလွန်းဒီအောဆုရ မည်ဟုရေပန်းစားနေသူများတွင် ပါဝင်နေသည်။

Read more

ဆူဇူကီးပြိုင်ပွဲမှာ ဗီယက်နမ်ကို အနိုင်မရသေးတဲ့ မြန်မာတို့ ရှုံးကြွေးဆပ်နိုင်မှာလား?

ဒီနေ့ညနေ (၆း၀၀)နာရီမှာတော့ ရန်ကုန်မြို့၊သုဝဏ္ဏကွင်းမှာ မြန်မာအသင်း နဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ (၂)ပွဲစီ ကစားအပြီး ရမှတ် (၆)မှတ်စီနဲ့ ဦးဆောင်နေကြတဲ့ အသင်းတွေဖြစ်တာမို့ ဒီပွဲဟာ နှစ်သင်းစလုံးအတွက်တော့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်ဖို့ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

Read more

ကမ္ဘာ့အဆင့်(၁)ဂျိုကိုဗစ်ကို အနိုင်ယူပြီး ဇက်ဗီရက်ဗ် ATP Finals ဆုဖလားဆွတ်ခူး

ဂျာမနီလူငယ်တင်းနစ် ကစားသမား အလက်ဇန်းဒါးဇက် ဗီရက်ဗ်သည် ATP Finals ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၁)ဂျို ကိုဗစ်ကို အံ့အားသင့်ဖွယ်အနိုင်ရရှိပြီးဆုကြေးပေါင်နှစ်သန်းခန့် ရရှိခဲ့သည်။

ATP Finals ဆုဖလားကို ခြောက်ကြိမ်မြောက်ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်(၃၁)နှစ် သည် ဇက်ဗီရက်ဗ်(၂၁)နှစ်ကို ၆-၄၊ ၆-၃ ဖြင့် ပွဲကြီးနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည်။

Read more

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် တိုက်ခိုက်မှု ဆောင်ရွက်မည့် IS အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

အာဖဂန်နစ္စတန် နိုင်ငံ တွင် အစိုးရ တပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ နိုဝင်ဘာ ၂၀ ရက်

Read more

နျူသဘောတူညီချက် ဆွေးနွေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့် အီရန်နိုင်ငံသို့ ရောက်ရှိ

တီဟီရန်မြို့တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်နှင့် တွေ့ဆုံနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ် (Fars News website/Handout via REUTERS)

 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်သည် တနင်္လာနေ့တွင် အီရန်နိုင်ငံသို့ ရောက်ရှိလာပြီး ၂၀၁၅ နျူသဘောတူညီချက် အနာဂတ်အပါအဝင် အခြားအကြောင်းအရာများကို အီရန် အာဏာပိုင်များနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။

Read more