အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၆ဝဝ ကျော် ဖျက်သိမ်း

ခရစ်ယာန်ဘာသာဝင်တွေရဲ့ ကျေးဇူးတော်နေ့ပွဲတော် နောက်ဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အမေရိကန်နိုင်ငံအတွင်း အားလပ်ရက် အပန်းဖြေသူ အများအပြား လေဆိပ်တွေမှာ သောင်တင်နေပါတယ်။

အမေရိကန် အနောက်အလယ်ပိုင်း တလွှားမှာ နှင်းမုန်တိုင်း တိုက်ခတ်နေလို့ လေကြောင်းခရီးစဉ် ၆၀၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ မိုးလေဝသအရာရှိတွေက ပြောခဲ့တာပါ။

နိုင်ငံအရှေ့မြောက်ပိုင်း ကန်းဆတ်ပြည်နယ်ကနေ ချီကာဂိုအထိ ဒေသတွေမှာ နှင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Read more

မက္ကဆီကိုနယ်စပ်မှာ အမေရိကန်ထဲဝင်ဖို့ကြိုးစားသူတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်

ရွေ့ပြောင်းနေထိုင်လိုသူတွေက တနင်္ဂနွေနေ့က မက္ကဆီကို နယ်စပ်ကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီးတဲ့နောက် အမေရိကန်ဘက်က San Diego နဲ့ မက္ကဆီကိုဘက်က Tijuana အကြားမှာရှိတဲ့ San Ysidro နယ်စပ်ဂိတ်ကို အမေရိကန် အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပါတယ်။

Read more

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး ကမ္ဘာတ၀ှမ်း ဆန္ဒပြ

လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဥရောပတလွှားမှာ မနေ့ စနေနေ့က ကျင်းပခဲ့ကြပြီး လူပေါင်း သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ လောင်စာဆီ ဈေးတက်လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာလည်း မနေ့ စနေနေ့က လိင်ပိုင်းဆိုင်ရာ ခွဲခြား ဆက်ဆံ အကြမ်းဖက်မှုတွေကို သီးခြားဆန္ဒပြပွဲတွေ ကျင်းပခဲ့ပြီး လူပေါင်း ၃ သောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။

Read more

ထိုင်ဝမ် ဒေသန္တရရွေးကောက်ပွဲတွေမှာ အာဏာရအစိုးရ အခြေမလှ

ထိုင်ဝမ်နိုင်ငံရဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ တရုတ်သြဇာအောက်က ထိုင်ဝမ်လွတ်မြောက်ရေးကြိုးပမ်းလိုတဲ့ DPP ခေါ် အတိုက်အခံ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့တဲ့အပေါ် တရုတ်အစိုးရ ကြိုဆိုလိုက်ပြီး၊ ဒါဟာ ထိုင်ဝမ်ပြည်သူတွေအနေနဲ့ တရုတ်ပြည်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဆက်ဆံလိုကြောင်း ပြသလိုက်တာဖြစ်ကြောင်း ပြောဆို လိုက်ပါတယ်။

Read more

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် MIC စီစဉ်

ဒုတိယမြောက် ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်တွင် ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ် ငပလီ၌ ရင်းနှီးမြှုပ် နှံမှုပြပွဲတစ်ခုပြုလုပ်ရန် စီစဉ်နေ သည်ဟု ၎င်းက ပြောသည်။

Read more

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယို ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရိုနာနှင့် ထိုးသတ်မည်

ဘရိုနာနဲ့ပွဲမှာ မိမိရဲ့ လက်ဝှေ့ကစားသမားဘဝ ကျန်ရှိသေးတယ်ဆိုတာ သက်သေပြချင်တယ်လို့ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီယိုက ပြောကြားလိုက်ပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ပက်ကွီယိုဟာ လာမယ့်နှစ် ဇန်နဝါရီ ၁၉ ရက်မှာ WBA ဝယ်လ်တာဝိတ် ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကာကွယ်ပွဲအဖြစ် အမေရိကန်က အက်ဒရီယန်ဘရိုနာနဲ့ လတ်စ်ဗီးဂတ်မှာ ထိုးသတ်ရမှာပါ။

Read more

လီဗာပူးအသင်းနဲ့ တိုက်စစ်မှူး မာနေး ကာလရှည်စာချုပ်သစ် ချုပ်ဆို

လီဗာပူးတိုက်စစ်မှူးမာနေးဟာ အသင်းနဲ့တစ်ပတ်ပေါင် (၁၅၀၀၀၀)တန်ကြေးရှိ ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီး ရီးရဲလ်နဲ့ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို အဆုံးသတ် စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက မာနေးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးသွားဖို့ လီဗာပူးအသင်း ဆန္ဒရှိခဲ့ပါတယ်။ လီဗာပူးအသင်းဟာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ဖာမီနို တို့ကိုလည်း စာချုပ်သစ် ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ အသက်(၂၆)နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူးဟာ စာချုပ်သစ်အရ လီဗာပူးမှာ ၂၀၂၃ ခုနှစ်နွေရာသီအထိ ဆက်ရှိနေမှာပဲဖြစ်ပါတယ်။

Read more

မြန်မာလိဂ်အသင်းများ ယှဉ်ပြိုင်မည့် အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုများထွက်ပေါ်

အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကျင်းပနေစဉ် (ဓာတ်ပုံ − MFF)

 မြန်မာလိဂ်ကလပ်အသင်းများ  ပါဝင်ယှဉ်ပြိုင်မည့် ၂၀၁၉ အေအက်ဖ်စီဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ နိုဝင်ဘာ ၂၂ ရက်တွင် ထွက်ပေါ်ခဲ့သည်။ 

အုပ်စုခွဲဝေမှုအရ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု (စ)တွင် ရန်ကုန် (သို့မဟုတ်) ဇွဲကပင်အသင်းက ဗီယက်နမ် ကလပ် ဟနွိုင်းအသင်း၊ စင်ကာပူကလပ် တန်ပီးနက်စ်ရိုဗာအသင်း၊ ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ 

Read more

ခွေးသတ်ရုံတွေ တောင်ကိုရီးယား ဖျက်သိမ်း

ခွေးသားစားတဲ့ ဓလေ့ရပ်တန်းကရပ်လိုက်ဖို့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းတဲ့အတိုင်း နိုင်ငံက အကြီးမားဆုံး ခွေးသတ်ရုံကို ပိတ်သိမ်းဖို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက မနေ့က လုပ်ငန်း စတင်ပါတယ်။

နူးနေအောင်ချက်လိုက်ရင် အထူးအရသာရှိတဲ့အပြင် ခွေးသားစားတာ အားတိုးတယ်ဆိုတဲ့ အယူအဆနဲ့ တောင်ကိုရီးယားမှာ တနှစ်ကို ခွေးကောင်ရေ တသန်းလောက် သတ်စားပါတယ်။

Read more

ခွဲထွက်ရေး အစီအစဉ်မူကြမ်း ဗြိတိန်-EU သဘောတူ

အီးယူ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေးမှာ စနစ်တကျနဲ့ချောချောမွေ့မွေ့ရှိစေမယ့် နိုင်ငံရေးဆိုင်ရာ ကြေညာ ချက်မူကြမ်းတရပ်ကို ဥရောပသမဂ္ဂနဲ့ ညလုံးပေါက် ပြောဆိုဆွေးနွေးမှုတွေအပြီး သဘောတူညီချက် ရခဲ့တယ်လို့ ဗြိတိန် ကပြောပါတယ်။

အဲဒီသဘောတူညီချက်ကို တနင်္ဂနွေနေ့ကြရင် ဥရောပသမဂ္ဂခေါင်းဆောင်တွေက အတည်ပြုကြလိမ့်မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Theresa Mayက မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

Read more