ချန်ပီယံလိဂ်ပွဲကို မန်ယူပရိတ်သတ်များ စိတ်ဝင်စားမှုလျော့ကျ

မန်ယူပရိတ်သများသည် ယန်းဘွိုင်းစ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အပေါ် စိတ်ဝင်စားမှု လျော့ကျ နေကြကြောင်း သိရသည်။

အဆိုပါပွဲမှာ အိုးထရက်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သော်လည်း ရောင်းချသည့် လက်မှတ်များမှာ အများအပြားကျန်ရှိနေသေသည်ဟု သိရသည်။

တန်ဖိုး ၄၅ ပေါင်မှ ၅၈ ပေါင်အတွင်းရှိ လက်မှတ်အစောင်ရေ များစွာ ကျန်ရှိနေခြင်းဖြစ်သည်။

Read more

ပီအက်စ်ဂျီနဲ့ကစားမယ့် ချန်ပီယံလိဂ်အရေးကြီးပွဲကို မာနေး ပါဝင်ကစားနိုင်ဖို့မသေချာ

လီဗာပူးတိုက်စစ်မှူးမာနေးဟာ နေမကောင်းဖြစ်နေတာကြောင့် ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီနဲ့ ကစားမယ့်ချန်ပီယံလိဂ် အရေးကြီးပွဲကို လွဲချော်ရဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ၀က်ဖို့ဒ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲအစကတည်းက ပါဝင်ကစားခဲ့ပြီး ပွဲချိန်(၆၇)မိနစ်မှာ ဆာလက် အဖွင့်ဂိုးသွင်းနိုင်ဖို့ မာနေး ဖန်တီးနိုင်ခဲ့ပါတယ်။

Read more

ကမ္ဘာ့အဆင့် စနူကာဆီမီးဖိုင်နယ်ပြိုင်ပွဲများ ကျင်းပ

ရန်ုကုန် နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ IBSF World Billards & Snooker Champion-ship 2018ပြိုင်ပွဲ၏ စနူကာပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်Grand Mercure ဟိုတယ်၌ ကျင်းပသည်။

Read more

အမေရိကန် GM ကုမ္ပဏီ လုပ်သား ၁၅% လျှော့ချ

အမေရိကန်ပြည်ထောင်စုက အကြီးမားဆုံးကားကုမ္ပဏီဖြစ်တဲ့ GM လို့အတိုကောက်ခေါ်တဲ့ General Motors က ကုမ္ပဏီ လုပ်အားရဲ့ ၁၅ရာခိုင်နှုန်းကိုလျှော့ချမယ်လို့ မနေ့ကပဲကြေညာပါတယ်။

၂၁ရာစုနည်းပညာတွေနဲ့အတူလုပ်လာနိုင်အောင်နဲ့ ကုမ္ပဏီရဲ့ဖွဲ့စည်းပုံကိုလည်း ပြောင်းလဲမှာ ဖြစ်တာကြောင့် အခုလိုလုပ်အား လျှော့ချမှုလုပ်တာလို့ဆိုပါတယ်။ GM ကုမ္ပဏီမှာ လုပ်ကိုင်နေကြတဲ့ အရာရှိတွေနဲ့ အလုပ်သမား စုစုပေါင်း တသောင်းခွဲလောက်အထိ အလုပ်ပြုတ်မယ့်အခြေအနေကြုံနေရပါတယ်။ ကားထုတ်လုပ်တဲ့ စက်ရုံ ၇ရုံ ကို ပိတ်ပစ်မှာပါ။

Read more

ဖြုတ်ချခံထားရသည့်ဝန်ကြီးချုပ်ကို ရာထူးပြန်ခန့်ရန် အစီအစဉ်မရှိဟု သီရိလင်္ကာသမ္မတပြော

ကိုလံဘို နိုဝင်ဘာ၂၆

နိုင်ငံရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော သီရိလင်္ကာ သမ္မတ မိုင်သရီပါလာဆီရိဆီနာက ဖြုတ်ချခဲ့သည့် ဝန်ကြီးချုပ် ရန်နေးလ်ဝှစ်ခရန်မန်ဆင်းဂ်ကို ဝန်ကြီးချုပ်အဖြစ် ပြန်လည် ခန့်အပ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

ဝှစ်ခရန်မန်ဆင်းဂ်၏ပါတီသည် ပါလီမန်တွင် နေရာအများအပြားကို ရယူထားနိုင်ခဲ့သည်။

Read more

အင်္ဂါဂြိုလ်ပေါ် NASA စူးစမ်းလေ့လာရေး ယာဉ်အောင်မြင်စွာ ဆင်းသက်

အင်္ဂါဂြိုလ်ပေါ်မှာ အမေရိကန်အာကာသအေဂျင်စီ NASA ကလွှတ်တင်တဲ့ InSight ဆိုတဲ့ မောင်းသူမဲ့ အာကာသစူးစမ်း လေ့လာရေး ယာဉ်တစီး အောင်အောင် မြင်မြင်ဆင်းသက်နိုင်ခဲ့ပြီလို့ နာဆာက ကြေညာပါတယ်။

အာကာသအတွင်း ကီလိုမီတာ သန်းပေါင်းများစွာဖြတ်သန်းပြီး အချိန်၆လကျော်ခရီးနှင်ခဲ့ရတဲ့ InSightယာဉ် တနင်္လာနေ့တုန်းကပဲ အနီရောင်အင်္ဂါဂြိုလ် ပေါ်ကို လုံခြုံစိတ်ချစွာဆင်း သက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ InSightယာဉ် အင်္ဂါဂြိုလ်ရဲ့လေထုအတွင်းထိုးဖေါက်ဝင်ရောက် ပြီး ဂြိုလ်ပေါ်ကိုဆင်းသက် နိုင်ဖို့ နောက်ဆုံး အချိန်၆မိနစ်ခွဲ ဟာ အတိမ်းအစောင်းမခံတဲ့ အသည်းအသန်အချိန်ပဲလို့ နာဆာအဖွဲ့ကပြောပါတယ်။

Read more

ရုရှားရန်ကာကွယ်ဖို့ ယူကရိန်းမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်

ပင်လယ်နက်အတွင်း ယူကရိန်းရေတပ်သင်္ဘော ၃ စင်းနဲ့အတူ ၀န်ထမ်းတွေ အားလုံးကို ရုရှားတို့ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံအတွင်းက ဒေသတချို့မှာ မာရှယ်လော – ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ သမ္မတ Petro Poroshenko ရဲ့ အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

Read more

မြန်မာဘောလုံးပရိသတ်အချို့ မလေးရှားတွင် တိုက်ခိုက်ခံရသဖြင့် ငါးဦးခန့် ဒဏ်ရာရ

မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မလေးရှားအသင်းနှင့် မြန်မာအသင်းဘောလုံးပွဲသို့ သွားရောက်အားပေးပြီး ပြန်လာသော မြန်မာလုပ်သား ၂၀ ခန့်ကို မလေးရှားနို င်ငံသား ၃၀ ခန့်က တိုက်ခိုက်သဖြင့် မြန်မာလုပ်သားငါးဦးခန့် ဒဏ်ရာရရှိခဲ့သည်။

Read more

ဒီဂီယာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ပါက ကမ္ဘာ့လစာအများဆုံးဂိုးသမား ဖြစ်လာမည်

စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာသည် လက်ရှိမန်ယူနှင့် စာချုပ်သက်တမ်း ကုန်ချိန်တွင် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း အားကစား သတင်းဝက်ဘ်ဆိုက်များ က ဖော်ပြသည်။

ဒီဂီယာသည် စာချုပ်သက်တမ်းတိုးရန် တွန့်ဆုတ်နေသဖြင့် မန်ယူတွင် ၎င်း၏ အနာဂတ်မသေချာဖြစ်နေသည်။ ဒီဂီယာ(၂၈)နှစ် ၏ လက်ရှိစာချုပ်သည် ယခုရာသီကုန်တွင် သက်တမ်းကုန်မည် ဖြစ်သော်လည်း မန်ယူက နောက်ထပ် တစ်နှစ်ချုပ်ဆိုရေး သတ်မှတ်ချက်တစ်ရပ် ပါဝင်နေသည်။

Read more

နွေရာသီမှာ အပြောင်းအရွှေ့ဖြစ်လာနိုင်ပေမယ့် ပီအက်စ်ဂျီကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ဟာဇက်ဝန်ခံ

ချဲလ်ဆီးတိုက်စစ်ကစားသမား အီဒင်ဟာဇက်က ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ချဲလ်ဆီးကနေ ထွက်ခွာပြီး အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ ဖြစ်လာနိုင်တယ် ၀န်ခံလိုက်ပါတယ်။

အဆိုပါဘယ်လ်ဂျီယံကစားသမားရဲ့ ချဲလ်ဆီးနဲ့စာချုပ်သက်တမ်းဟာ နောက်ရာသီအကုန်မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဥရောပထိပ်တန်းကလပ်အသင်းအချို့က ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ၂၀၁၂ ခုနှစ်က လိုင်လီကနေ ချဲလ်ဆီးကိုရောက်လာတဲ့ ဟာဇက်က ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့ဖူးပေမယ့် ပြောင်းရွှေ့ကစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Read more